ချမ်းအေးသာစံ ဧပြီ ၂၂
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်အတွင်း ဖွဲ့စည်းထားသော ပြည့်စုံချမ်းသာ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ် ဆိုင်ရာအစည်းဝေးနှင့် လစ်လပ်နေသော အမှုဆောင်(၁)ဦး ရွေးချယ်ခြင်း အခမ်းအနားကို ဧပြီ ၁၁ ရက်နေ့က မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ ကြောင်း သိရသည်။
အခမ်းအနားတွင် သဘာပတိက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးက လမ်းညွှန်အမှားစကား ပြောကြားခဲ့သည်။ ထို့နောက် ဘဏ္ဍာရေးရှင်းတမ်း၊ အသင်း၏ ရှေ့လုပ်ငန်းစဉ်များ၊ အသင်း စာရင်းစစ် အစီရင်ခံစာများကို ဖတ်ကြားပြီး လစ်လပ်နေသောအမှုဆောင်(၁)ဦးအား ရွေးချယ် ကာ သဘာပတိမှ အတည်ပြုခဲ့ကြသည်။
ပြည့်စုံချမ်းသာ ငွေစုငွေချေးသမဝါယမအသင်းလိမိတက်သည် အသင်းသား (၁၇၁)ဦးရှိပြီး အသင်းသားများအား ငွေကျပ် သိန်း(၉၀)ကျော် ချီးမြှင့်ထောက်ပံ့ပေးထားနိုင်ခဲ့ကြောင်း သိရ သည်။
ထွန်းထွန်းနိုင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်