ကျောင်းကုန်း ဧပြီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲအခမ်း အနားကို မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကျောင်းကုန်းမြို့နယ်သမဝါယမအသင်းစုအမှုဆောင်များနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အသင်းဝင်အခြေခံသမဝါယမ အသင်းများမှ ကိုယ်စားလှယ် ၁၂၀ ဦးတို့ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထိုက်အောင်နှင့် ဦးစီးအရာရှိ ဦးဝင်းထူးတို့က အမှာစကားပြောကြားခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒါရိုက်တာ အဖွဲ့လုပ်ငန်းအစီရင်ခံစာ၊ အသင်းသားစာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်း များကို ဖတ်ကြားရှင်းလင်း၍ တက်ရောက်လာကြသူများထံမှ အတည်ပြုချက်ရယူခဲ့သည်။ ထို့နောက် အမှုဆောင်သစ်များရွေးချယ်ခြင်း၊ ကတိသစ္စာခံယူခြင်းနှင့် တိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်သို့ စေလွှတ်မည့် ကိယ်စားလှယ်စာရင်းသတ်မှတ်ခြင်းများ ဆောင်ရွက်ပြီး သဘာပတိမှ အတည်ပြုကြောင်း ကြေညာပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်