ပူတာအို ဧပြီ ၁၁
ကချင်ပြည်နယ်၊ ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်ရှိ ဆန်း စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းလီမိတက်သည် ပူတာအိုဒေသအတွင်း ဝမ်းစာဖူလုံရေး ရည်ရွယ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေကျပ် ၃၅ သန်း ရယူ၍ ၁၈ တန်ကျ အဆင့်မြင့် ဆန်စက်အား ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် စတင်ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ဆန်း သမဝါယမအသင်းပိုင်ဆန်စက်အနေဖြင့် လုပ်ငန်းစတင်ဆောင်ရွက်သည့်ကာလ အတွင်း စပါးတင်းပေါင်း ၄၈၂၃၈ တင်း၊ ဆန်တင်းပေါင်း ၂၂၅၀၀ ကျော်၊ ဆန်ကွဲတင်းပေါင်း ၃၇၀ ကျော်နှင့် ဖွဲတင်းပေါင်း ၆၇၀ ကျော် ထုတ်လုပ်ပေးနိုင်ခဲ့ပြီး ဒေသအတွင်းရှိ စပါးများအား ပိုမိုကြိတ်ခွဲပေးလာနိုင်ခြင်းနှင့် အရည်အသွေးကောင်းမွန်သည့်ဆန်များ ပိုမိုထွက်ရှိစားသုံးလာနိုင် ခြင်းတို့အပြင် တောင်သူများအား ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ကြိတ်ခွဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သမဝါယမဦးစီးဌာန
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်