မိုင်းယောင်း ဧပြီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝန်ထမ်းပေါင်းစုံငွေစု ငွေချေးသမဝါယမအသင်းလီမိတက်၏ အသင်းသားများအား စုဆောင်းငွေအပေါ်အတိုးထုတ် ပေးခြင်းကို ယနေ့နံနက် (၁၁) နာရီက သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက် အသင်းသား (၃၀၉) ဦးအတွက် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် မတ်လအထိ (၆) လအတွက် စုဆောင်းငွေအပေါ်အတိုးများ(၆၉၈၅၂၅၀)ကျပ်အား အသင်းအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းအောင်ဇော်လင်းနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာနွယ်တို့က ဌာနဆိုင်ရာများအလိုက် တာဝန်ရှိသူများထံသို့ အသီးသီးထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်