ချမ်းမြသာစည် မတ် ၂၂
သမဝါယမလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးကို ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးနှင့် တာ၀န်ရှိသူများသည် မတ်လ ၁၉ ရက်နေ့က ၅၅ လမ်း-၁၄၃ လမ်း၊ စက်မှုဇုံ(၂)ရှိ အောင်မြင့်မြတ် ဝါကြိတ်စက်နှင့် ဝါစေ့ဆီထုတ်လုပ်ရောင်း၀ယ်ရေးစက်ရုံသို့ သွားရောက်ကွင်းဆင်းကြည့်ရှု ခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် အောင်မြင့်မြတ် ဝါကြိတ်စက်နှင့် ဝါစေ့ဆီထုတ်လုပ်ရောင်း၀ယ်ရေးစက်ရုံတာ၀န်ခံများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များအား ရှင်းလင်းတင်ပြပြီးနောက် စက်ရုံအတွင်း လိုက်လံပြသခဲ့ရာ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ချမ်းမြေ့
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်