စစ်ကိုင်း၊ မတ် ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိလာစေရန်၊ တစ်နိုင် တစ်ပိုင် လုပ်ငန်းငယ်လေးများ ထူထောင်၍ မိသားစုဝင်ငွေများ တိုးပွားလာစေရန် ရည်ရွယ်၍ လူသုံး ကုန်ထုတ်လုပ်မှုမှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ သင်တန်း ခန်းမ၌ ဖွင့်လှစ်သည်။
အခမ်းအနားသို့ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ၊ စစ်ကိုင်းမြို့နယ် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသား များတက်ရောက်ကြရာ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြော ကြားသည်။
ယခုဖွင့်လှစ်သော သင်တန်းကို မတ်လ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ (၅)ရက်ကြာ သင်တန်းသား(၂၀)ဦးတို့အား ဘက်စုံသုံး ဆပ်ပြာရည်(ပန်းကန်ဆေး၊ လက်ဆေး၊ အဝတ်လျှော်)၊ ရေချိုးဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ သဘာဝခေါင်းလျှော်ရည်၊ အမွေးဆီ၊ Hand Gel နှင့် Shampoo ပြုလုပ် နည်းများကို စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်