မြစ်သား မတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့နယ်သမဝါယမ အသင်းစုရုံးခန်းမတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မိုးချည်မျှင်ရှည်ဝါစိုက်ပျိုးထုတ်လုပ်မည့် အသင်းသားတောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တွေ့ဆုံပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး၊ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးထွန်းလှိုင်နှင့် မြစ်သားမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒီဝင်းတို့မှ အသင်းသားတောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါစီမံကိန်းအကောင်ထည်ဖော်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ တစ်ဧကလျှင် ကျပ်(၂၀၀၀၀၀/-) နှုန်းနှင့် ညီမျှသောသွင်းအားစုများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး၊ မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုဥက္ကဋ္ဌ ဦးထွန်းလှိုင်၊ မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒီဝင်းနှင့်ဝန်ထမ်းများ၊ သမဝါယမအသင်းစုမှ အမှုဆောင် များနှင့် အသင်းသားတောင်သူစုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်