ထားဝယ် မတ် ၁၈
တနင်္သာရီတိုင်းဒေသကြီးသမဝါယမဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရေး စီမံကိန်း (မြစိမ်းရောင်) သမဝါယမကဏ္ဍလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ တို်ငးဒေသကြီးသမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်စိုးမင်းက တိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ လယ်ဧက(၆၀၄၀)အတွက် မတည်ပံ့ပိုးငွေ(၁၂၀၈.၀၀)ကျပ် သန်းနှင့် သမဝါယမအသင်းအချင်းချင်းမှ ပံ့ပိုးငွေဖြင့် လယ်ဧက (၄၁၁၁) အတွက် (၈၂၂.၂၀၀) ကျပ်သန်းစုစုပေါင်း (၂၀၃၀) သန်းအား ပံ့ပိုး၍ လယ်(၁)ဧကအထွက်နှုန်းတိုးစေရေး ဆောင်ရွက် ခဲ့ကြောင်း၊ မတ်လ ၁၅ ရက်နေ့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုပံ့ပိုးမတည်ငွေ (၁.၂)ဘီလီယံ ကောက်ခံရရှိပြီးဖြစ်ကြောင်း၊ ယခုအခါ တောင်သူများက စပါးရိတ်သိမ်းပြီးစီး၍ သွင်းအားစုတိုး မတည်ပံ့ပိုးငွေများအား ပေးသွင်းဆောင်ရွက်ခဲ့ပြီး စိုက်ဧက(၁၀၁၅၁.၃၁) အပေါ် အထွက်ပမာဏတင်းပေါင်း (၇၂၂၇၁၄)တင်း ထွက်ရှိကာ လယ်(၁)ဧကအထွက်နှုန်းအနေဖြင့် ပျမ်းမျှ (၁)ဧကလျှင် (၇၀)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မျိုးစပါး အနေဖြင့် ပေါ်ဆန်းရင်၊ ဆင်းသုခ၊ ကျော်ဇေယျနှင့် မှော်ဘီ(၃)စပါးမျိုးများ စိုက်ပျိုးခဲ့ပြီး ယခင် ၂၀၂၂-၂၀၂၃ ခုနှစ်ထက် အထွက်နှုန်းတိုးအောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် တောင်သူများအတွက် အကျိုးကျေးဇူးများ ရရှိနိုင်ခဲ့ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်မှ ကိုယ်စားလှယ်များ၊ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်အတွင်းရှိ မြို့နယ်ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အသင်းစုများ၊ အသင်းသားတောင်သူများတို့က ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် တနင်္သာရီတိုင်းဒေသကြီး အတွင်း လယ်ဧက(၁၀၀၀၀)ကျော်အား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် တောင်သူများလိုအပ်သည့် မျိုးစပါးသွင်းအားစု လိုအပ်ချက်စာရင်းများအား ပြုစုတင်ပြ ရန်နှင့် ယခင်နှစ်ထက် အထွက်နှုန်းတိုးစေရေး၊ အထွက်နှုန်းတိုးစေမည့် မျိုးစပါးများပြောင်းလဲ စိုက်ပျိုးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်