အင်္ဂပူ မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကျေးရွာအုပ်စု ကိုးအုပ်စုရှိ စိုက်ပျိုးထုတ်လုပ် ရေးသမဝါယမအသင်း ကိုးသင်းမှ နေကြာစိုက်ပျိုးသည့် အသင်းသား(၂၁၅)ဦး၏ နေကြာစိုက် ဧက(၁၉၅)ဧကအတွက် တစ်ဧကလျှင် ငွေကျပ် ၁ ဒသမ ၃၉ သိန်းနှုန်းဖြင့် ပံ့ပိုးငွေကျပ် ၂၇၁ ဒသမ ၀၅ သိန်း၊ ပဲတီစိမ်းစိုက်ပျိုးသည့် အသင်းသား ၁၄၃ ဦး၏ ပဲတီစိမ်း စိုက်ဧက ၂၂၈ ဧကအတွက် တစ်ဧကလျှင် ပံ့ပိုးငွေကျပ် ၁ ဒသမ ၂ သိန်းနှုန်းဖြင့် ငွေကျပ် ၂၇၃ ဒသမ ၆ သိန်း၊ စုစုပေါင်းစိုက်ပျိုးမြေ ၄၂၃ ဧကအတွက် ပံ့ပိုးငွေကျပ် ၅၄၄ ဒသမ ၆၅ သိန်းအား စတုတ္ထအကြိမ် အရင်းမပျောက်မတည်ရန်ပုံငွေအဖြစ် မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာအသင်းအမှုဆောင်အဖွဲ့များသို့ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်