Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မွန်ပြည်နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမ လုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


18 Mar,2024

မော်လမြိုင် မတ် ၁၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်  သမဝါယမ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချောင်းဆုံမြို့နယ် ကွမ်းသဲကျေးရွာသို့ သွားရောက်ပြီး  မွန်ပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက  အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်း လုပ်ငန်းတွင်ပါဝင်သည့် အမျိုးသမီးများ ဝင်ငွေတိုးရေးစီမံကိန်းဖြစ်သည့်  အခြေခံ စက်ချုပ် သင်တန်းနှင့် အဆင့်မြင့်မွမ်းမံသင်တန်းဆင်းပြီး စီမံကိန်းမှ လုပ်ငန်းသုံး စက်ကိရိယာများ ပံ့ပိုးမှုဖြင့် လုပ်ငန်းတည်ထောင်ထားသည့် သင်တန်းသူ (၅) ဦး  လုပ်ငန်းလည်ပတ်နေမှု အခြေအနေ များကို သွားရောက်ကြည့်ရှု အားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်  ချောင်းဆုံမြို့နယ် သမဝါယမ အသင်းစု နဲ့တွေ့ ဆုံ၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးနှင့်တောင်သူများ၏ လူမှုစီးပွားဘဝ မြင့်မား လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများ တွင်  အမှတ်တကယ် လုပ်ငန်းလုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစား တူညီသူများ စိတ်တူ ကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမ အသင်းများ ဖွဲ့စည်းပေးပြီး အသင်းသား တောင်သူများ၏ အဓိကလိုအပ်သော မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ သွင်းအားစု ပံ့ပိုးပေး နိုင်ရေးထွက်ရှိလာသော သီးနှံများ၊ မွေးမြူရေးထုတ်ကုန်များကို ဈေးကွက်ခိုင်မာမှု ရရှိရေး လုပ်ဆောင်ပေးလျက်ရှိကြောင်း  ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မုဒုံမြို့နယ် သမဝါယမအသင်းစုတွင် အသင်းသားတောင်သူများနှင့် တွေ့ဆုံ၍ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန် လိုအပ်သော မျိုး၊ မြေ၊ ရေ၊ နည်းပညာရရှိရေးအတွက်  စိတ်တူကိုယ်တူ ပြည်သူများ ပူးပေါင်းပြီး သမဝါယမ အသင်းအစုအဖွဲ့များ ဖွဲ့စည်း၍ ရရှိလာသော အကျိုးအမြတ်ကို အသင်းအတွက် ၂၀ ရာခိုင်နှုန်း ချန်၍ ကျန်ရှိသော အကျိုးအမြတ်ကို တစ်ရာသီပြီးတိုင်း ခွဲဝေနိုင်ရေး ဆောင်ရွက်ရန်နှင့်  ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေများ တိုးပွားရေးအတွက် ဆောင်ရွက်ကြရန်လိုကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာ များ သင်ကြားနိုင်ရေးအတွက် Grade-9 အောင် လူငယ်လူရွယ်များ သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းများ အခမဲ့ တက်ရောက်နိုင်ကြောင်း၊ အဆိုပါ သင်တန်းတက်ရောက်ပြီးပါက ထူးချွန်သူများအနေဖြင့် သမဝါယမကောလိပ်များ၊ သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များသို့ ဆက်လက် ပေါင်းကူး တက်ရောက်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးအဖွဲ့သည် မုဒုံမြို့နယ်ရှိ  ရက်ကန်းနှင့် အသက်မွေး ပညာ သင်တန်းကျောင်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
 
 
 
 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm