ဘားအံ မတ် ၁၅
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ် တခွက်ဖိုး - ပန်းတောမီးလမ်း ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးစောကျော်ဝင်းနှင့် တာဝန်ရှိသူများက ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ် ၃၉၂ ဒသမ ၁၉၉ သန်းဖြင့် ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ် တခွက်ဖိုး-ပန်းတောမီးလမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းပြီးစီးမှုကို စစ်ဆေးကြပြီး ဘားအံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဝင်းဝင်းခိုင်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းပြသရာ ညွှန်ကြားရေးမှူး(မြို့ပြ)က လုပ်ငန်း လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ် တခွက်ဖိုး-ပန်းတောမီးလမ်းတွင် ကွန်ကရစ်ခင်းခြင်းသည် လမ်းအရှည် တစ်မိုင်၊ အကျယ် ၁၄ ပေ၊ ဒု ခုနစ်လက်မ ရှိပြီး ဘားအံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကြီးကြပ်၍ လင်းရောင်စိန်ကုမ္ပဏီက ၂၀၂၃ ခုနှစ် ဇွန် ၁ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း၊ ကွန်ကရစ်လမ်းခင်းပေးနိုင်မှုကြောင့် ကျေးရွာနှစ်ရွာမှ လူဦးရေ ၅၈၇၈ ဦးတို့ အတွက် ရာသီမရွေးသွားလာ အသုံးပြုနိုင်မည်ဖြစ်ကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည့် လမ်းတစ်လမ်းဖြစ်ကြောင်း ဘားအံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်