Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝါစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် ရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


16 Mar,2024

အမရပူရ၊ မတ် ၁၅ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားသည် MSME လုပ်ငန်းများဖြစ်သည့်အတွက် ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံအများစုသည် MSME လုပ်ငန်းများကို အဓိက လုပ်ကိုင်ကြကြောင်း၊ ထို့အတူ မိမိတို့ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်များနည်းတူ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှု အောက်ရှိ ဆောင်ဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ(အမရပူ)၌ မတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ဝါစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် ရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က ပြောကြားသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)၊ ညွှန်ကြားရေးမှူးများ၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံမှ ကျောင်းအုပ်ကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံ တာဝန်ခံ၊ ချည်မျှင်စက်ရုံများမှ တာဝန်ရှိသူများ၊ အထည်အလိပ် ရက်ကန်းလုပ်ငန်းရှင်များ၊ ဝါလုပ်ငန်းရှင်များနှင့် ဝါစိုက်တောင်သူများ တက်ရောက်ကြသည်။ ဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က မြန်မာနိုင်ငံတွင် ဝါစိုက်ပျိုးသည့် ဒေသများစွာရှိပြီး သမရိုးကျနည်းဖြင့် စိုက်ပျိုးလုပ်ကိုင် လျက်ရှိကြောင်း၊ ဝါစိုက်တောင်သူများဆီသို့ အရည်အသွေး ကောင်းမွန်သည့် သွင်းအားစု မျိုး စေ့များကို လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးခြင်းနှင့် စိုက်ပျိုးရေးအသိပညာများ ပိုမိုတိုး တက်စေရန်အတွက် အသိပေးလှုံ့ဆော်ခြင်းများ ပြုလုပ်နိုင်ပါက ပြည်တွင်းထွက် ဝါဂွမ်းသည် အဆင့်အတန်းတစ်ခုအထိ တိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်တွင်းထွက် ဝါကုန်ကြမ်း၏ အရည် အသွေး တိုးတက်ကောင်းမွန်လာပါက ချည်မျှင်နှင့်အထည်ကဏ္ဍတို့သည်လည်း တိုးတက် လာမည်ဖြစ်ပြီး ပြည်ပသွင်းအားစု ကဏ္ဍထက် ပို့ကုန်ကဏ္ဍသည် ပိုမိုတိုးမြှင့် လာနိုင်မည် ဖြစ်သောကြောင့် MSME လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက် အောင်မြင်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်တော်၏ GDP သည်လည်း တိုးတက်လာမည် ဖြစ်ကြောင်း ပြော ကြားသည်။ ဆက်လက်၍ ချည်မျှင်စက်ရုံများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဝါလုပ်ငန်းရှင်များနှင့် ဝါစိုက်တောင်သူများ၊ အထည်အလိပ် ရက်ကန်းလုပ်ငန်းရှင်များအသင်း မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးကြပြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံ)က ဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြေားကြားခဲ့ကြောင်း သတင်းရရှိသည်။ ၎င်း ညှိနှိုင်းအစည်းအဝေးတွင် ဝါဂွမ်းထုတ်လုပ်သော MSME လုပ်ငန်းရှင်များကို ဝါဂွမ်းမှ ချည်မျှင်ထုတ်လုပ်နိုင်သည်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင် ဆက်စပ်ဌာနများနှင့်အတူပူးပေါင်း၍ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm