Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝန်ထမ်းမိသားစုများ၏ ပထမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ


14 Jul,2022

နေပြည်တော် ဇူလိုင် ၁၃

၂၀၂၂ ခုနှစ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ပထမ အကြိမ်မြောက် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ သီရိဂန္ဓမာသပြေအေး မိုးကုတ် ဝိပဿနာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အရှင်ဂန္ဓမာလာ အမှူးပြုသော ဆရာတော်အရှင် သူမြတ်များ၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြပါသည်။

ဦးစွာ နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဝါဆိုသင်္ကန်းဆပ်လှူဒါန်းပွဲ အခမ်းအနားကို ဖွင့်လှစ်ပြီး ဆရာတော် ဘဒ္ဒန္တအရှင်ဂန္ဓမာလာ အမှူးပြုသော သံဃာတော် အရှင်သူမြတ်တို့အား ဩကာသကန်တာ့ချိုးဖြင့် ပူဇော်ကန်တော့ကာ ငါးပါးသီလခံယူ ဆောက်တည်ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တကွ ဧည့်ပရိတ်သတ် အပေါင်းတို့က သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဈ္ဇယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များက ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ထံ ဝါဆိုသင်္ကန်းနှင့်တကွ ဒါတဗ္ဗဝတ္ထု အစုစုတို့အား အသီးသီးဆပ်ကပ်လှူဒါန်းကြပြီး ဆရာတော်ဘဒ္ဒန္တအရှင်ဂန္ဓမာလာထံမှ အနုမောဒနာ တရားနာကြား၍ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။

အဲဒီနောက် ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပြီး ဆရာတော်ဘဒ္ဒန္တအရှင်ဂန္ဓမာလာ အမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm