Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မှော်ဘီမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းလုပ်ငန်းများဆောင်ရွက်


12 Mar,2024

မှော်ဘီမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းလုပ်ငန်းများဆောင်ရွက်

          မှော်ဘီမြို့နယ်၌သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးခန့်ဇော်နှင့်တာဝန်ရှိသူများ သည်ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်စု၊ ထိန်စွန်းကျေးရွာသို့ မတ်လ(၉)ရက် ကသွားရောက်ကာကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးခဲ့ရာအမြဲတမ်အတွင်းဝန်နှင့် တာဝန်ရှိသူများသည်ထိန်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များနှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကော်မတီဝင်များနှင့်တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်မှု အခြေအနေများကိုဆွေးနွေးပြောကြားပြီးတင်ပြချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ထိန်စွန်းကျေးရွာချင်းဆက်လမ်းပေါ်ရှိဂျိုးဖြူဂုံးကျော်တံတားအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်မည့်အခြေအနေများအားကြည့်ရှုစစ်ဆေးပြီး ကျေးရွာတွင်းလမ်းများနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့်ဆောင်ရွက်ပေးလျက်ရှိသည့် သီးနှံခင်းများကိုကြည့်ရှုစစ်ဆေးခဲ့သည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm