Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်တို့အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


12 Mar,2024

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်တို့အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

နေပြည်တော် မတ် ၁၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်သည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ်လ ၁၁ ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ကျိုင်းတုံမြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်တို့အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန် ရှိသူများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ရောက်ရှိပြီး ပြည်နယ်ရုံး အစည်းအဝေးခန်းမ၌ သမဝါယမဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာ ပြည်နယ်၊ခရိုင်၊မြို့နယ် ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်နယ်ဦးစီးမှူး ဦးတင့်ဝေက ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်း တင်ပြမှုများအပေါ် ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်နှင့် ဝန်ထမ်းများ၏ ထောက်ပံ့မှု ဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၏ သက်သာချောင်ချိရေး နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆွေးနွေးမှာကြားပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဝန်ထမ်းများ၏ တင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ တုံဆီကျေးရွာ၌ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေပေးဝေနေမှုနှင့် စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များအားလည်းကောင်း၊ နမ့်ခင်ချောင်းမှ ဆိုလာစိုက်ပျိုးရေတင်စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ ကျိုင်းတုံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်အစိုးရ အနေဖြင့် ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များကို  ဖြည့်ဆည်းဆောင်ရွက်ပေးပြီးဖြစ်၍ ကျေးရွာတောင်သူများအနေဖြင့် ဒေသနှင့် ကိုက်ညီသော ဈေးကွက် ဝင်သောသီးနှံများကို  သီးထပ်(၃)သီး အမှန်တကယ်စိုက်ပျိုးကြရန်လိုအပ်ကြောင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် ဒေသဖွံ့ဖြိုရေးလုပ်ငန်းဆိုင်ရာများကို ရှင်းလင်း ဆွေးနွေးပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် ဆီထွက်သီးနှံနေကြာစိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးသို့ရောက်ရှိပြီး မြို့နယ်ရုံး အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာ မြို့နယ် ဝန်ထမ်း များနှင့်တွေ့ဆုံရာ မြို့နယ်ဦးစီးမှူးက မိုင်းဖြတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများ၏ ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၏ သက်သာချောင်ချိရေး နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားပြီး ခရိုင်၊ မြို့နယ် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ်၊ ဟောင်ဟင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးရွာတွင်း ကွန်ကရစ်လမ်း အရှည်ပေ ၉၅၀ ခင်ခြင်းလုပ်ငန်းအားလည်းကောင်း၊ နမ့်ကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ခဲ့သော ဘက်စုံသုံးခန်းမဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ ကျေးရွာလုံးကျွတ်နီးပါး ဆောင်ရွက်လျက်ရှိသည့် ရိုးရာစက္ကူလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုအားပေးပြီး  ညွှန်ကြား ရေးမှူးချုပ်က ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာများအနေဖြင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများအား ဝိုင်းဝန်ထိန်းသိမ်းဆောင်ရွက်ကြရန်ဆွေးနွေးမှာကြားကာ ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

သန်းလွင်(မကွေး)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm