Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ်၌ လှိုင်ရွာ-ကော့ထမလိန်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု စစ်ဆေး


12 Mar,2024

ဘားအံ မတ် ၁၁

       ကရင်ပြည်နယ် ဘားအံခရိုင်၊ ဘားအံမြို့နယ် လှိုင်ရွာ-ကော့ထမလိန်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို မတ် ၁ဝ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ပြည်နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစောကျော်ဝင်းနှင့်တာဝန်ရှိသူများက ဘားအံမြို့နယ် လှိုင်ရွာ-ကော့ထမလိန်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်း ပြသရာ ညွှန်ကြားရေးမှူး(မြို့ပြ)က လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

     အဆိုပါ ဘားအံမြို့နယ် လှိုင်ရွာ-ကော့ထမလိန်းလမ်း အရှည် တစ်မိုင်၊ အကျယ် ၁၄ ပေ၊ အမြင့် ခုနစ်လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၄၂၉ ဒသမ ၄ သန်းဖြင့် ဘားအံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကြီးကြပ်၍ ငွေစင်ဆန်းသစ်ကုမ္ပဏီနှင့် မဟာထူးမြတ်ကုမ္ပဏီတို့က ၂၀၂၃ ခုနှစ် မေ ၁၃ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မှုကြောင့် ဒေသခံပြည်သူများ ရာသီမရွေး သွားလာအသုံးပြုနိုင်မည်ဖြစ်ပြီး ကျေးရွာများမှ ထွက်ရှိသော စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများကို မြို့ပေါ်ဈေးကွက်သို့ အချိန်တိုအတွင်း တင်ပို့ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစောကျော်ဝင်းက ပြောပြ၍ သိရသည်။

ကျော်ဇောဦး(မောရှမ်းမြေ)

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm