ဖြူး မတ် ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် လူငယ့်အားမာန်စိုက်ပျိုးရေးသမဝါယမ အသင်းသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က လူငယ့်အားမာန်စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံသမဝါယမအသင်းအစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာစကားပြောကြားပြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး ဦသူရဇော်ဇော်က လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)ပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့် လယ်ယာမြေ ဥပဒေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ဖြူးမြို့နယ် လူငယ့်အားမာန်စိုက်ပျိုးရေးသမဝါယမအသင်းသို့ ကျီးမနိုး အရှေ့ကွင်း၊ ကျီးမနိုးတောင်ကွင်း စုစုပေါင်း (၂)ကွင်း၊ ဦးပိုင်ပေါင်း(၃၄)၊ ဧရိယာပေါင်း (၅၄၅.၂၉)ဧကအတွက် မြေလွတ်မြေရိုင်းမှ လယ်ယာမြေအဖြစ် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) ကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များက လွှဲပြောင်းပေးအပ်ရာ အသင်း၏ကိုယ်စားအသင်းဥက္ကဋ္ဌ ဦးဝင်းလှိုင်က လက်ခံရယူခဲ့ ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်