Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ချောင်းခြားကျေးရွာရှိ ကုန်ထုတ်လမ်းတံတား ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး


05 Mar,2024

  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး  ဦးတင်ဆွေနှင့် ပဲခူးတိုင်း‌ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်သည်  ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ချောင်းခြားကျေးရွာ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သော ချောင်းခြား-လယ်ပြင် ကုန်ထုတ်တံတား (ကွန်ကရစ်)ကြည့်ရှုစစ်ဆေးခဲ့ပါသည်။  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဦးစီးဌာန၏ မျှော်မှန်းချက် ဖြစ်သော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုအစဉ်မပြတ်ဖော်ဆောင်ရန်နှင့်အညီ ကျေးလက်ဒေသ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးလက်ကုန်ထုတ်လမ်းတံတား ဖောက်လုပ်ခြင်းလုပ်ငန်းများအား အဓိကလုပ်ငန်းစဉ် တစ်ရပ် အဖြစ်  ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

အဆိုပါ ချောင်းခြား-လယ်ပြင် ကုန်ထုတ်တံတား(၄၀’x၁၄’x၁၀’)အား ပြည်ထောင်စု ရန်ပုံငွေမှ ခွင့်ပြုငွေကျပ်(၇၇.၈၅၀)သန်းဖြင့် တည်‌ဆောက်ခဲ့ရာ ၁၂.၈.၂၀၂၃ ရက်နေ့တွင် လုပ်ငန်းစတင်ခဲ့ပြီး ၁၆.၁.၂၀၂၄ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm