Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တပ်ကုန်းမြို့နယ်၊ သစ်ဆိန်ပင် (တ)ကျေးရွာ၌ အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ (စတုတ္ထ) အကြိမ် ထုတ်ချေး


05 Mar,2024

တပ်ကုန်း မတ်လ ၅  ရက်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနပြည်ထောင်စု နယ်မြေ၊ နေပြည်တော် ၊ တပ်ကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ (စတုတ္ထ) အကြိမ် ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သစ်ဆိန်ပင်ကျေးရွာ အုပ်စု၊ သစ်ဆိန်ပင်(တ) ကျေးရွာ ၌ တာဝန်ရှိသူများမှ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ပထမဦးစွာ တပ်ကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦစီးဌာန မြို့နယ်ဦးစီးမှူး ဦးရန်နိုင်ရွှေ က သစ်ဆိန်ပင်(တ)ကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်၊ တစ်နိူင်တစ်ပိုင် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများတိုးချဲလုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ ထုတ်ချေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံ နှင့် ဝန်ထမ်းများ က အတိုးနူန်း နှင့်ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေး ရာတွင်လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး က မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံသို့ အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်(၄၀၅)သိန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။

ထိုနောက် တပ်ကုန်းမြို့နယ်မှူး ဦးရန်နိုင်ရွှေနှင့် ကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက သစ်ဆိန်ပင် (တ)ကျေးရွာတွင် စတုတ္ထ အကြိမ်မြောက် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၁၅)ဦးနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၇၈)ဦး၊အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ (၉)ဦး  စုစုပေါင်း အသင်းသူ/သား (၁၀၂) ဦးကို အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်(၄၀၅)သိန်းအား အသင်းသူ/ သားများ၏ တစ်ဦးချင်း လက်ဝယ်အရောက် အတိုးနူန်းသက်သာစွာဖြင့် ထုတ်ချေးပေးခဲ့ကြောင်း တပ်ကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦစီးဌာန မြို့နယ်ဦးစီးမှူး ဦးရန်နိုင်ရွှေ ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm