မော်လမြိုင် မတ် ၅
သမဝါယမအသင်းများလုပ်ငန်းပိုင်းဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း (အသင်းအမှုဆောင်နှင့် အသင်း ဝန်ထမ်း) ဖွင့်ပွဲအခမ်းအနားကို မွန်ပြည်နယ်သမဝါယမဦးစီးဌာန (မော်လမြိုင်) ၌ မတ် ၄ ရက်နေ့က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားပြီး သမဝါယမအသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများအနေဖြင့် သမဝါယမဦးစီးဌာနမှ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် စာရင်းဇယားများ ကိုယ်တိုင်ရေးဆွဲတတ်စေရန် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပြီး စွမ်းဆောင်ရည် မြှင့်တင်ပေးရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မွန်ပြည်နယ်သမဝါယမဦးစီးဌာနတွင် မတ် ၄ ရက်မှ ၈ ရက်အထိ Virtual စနစ်ဖြင့် ဖွင့်လှစ်မည်ဖြစ်ပြီး ပြည်နယ်အတွင်းရှိ သမဝါယမအသင်းအဆင့်ဆင့်တို့မှ အသင်းအမှုဆောင်နှင့် အသင်းထမ်းဝန်ထမ်း(၃၀)ဦးအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမ ကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာပညာပေးခြင်း၊ အခြေခံစာရင်းရေးစာရင်းကိုင်ပညာနှင့် စာရင်းဇယား(၈)မျိုးရေးသွင်းခြင်းပညာဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်