Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသအခြေခံ အိမ်ထောင်စုများ၏ အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကျင်းပ


04 Mar,2024

နေပြည်တော် မတ် ၄

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် ထိုင်းနိုင်ငံ၊ လူထုဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည့် ကျေးလက်ဒေသ အခြေခံ အိမ်ထောင်စုများ၏ အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို မတ်လ(၁)ရက်နေ့နံနက်ပိုင်းက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ဧရာဝတီတိုင်း ဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ရိုးကြီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက အဖွင့်အမှာစကားပြောကြားပါသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ  ညွှန်ကြားရေးမှူး ဦးကျော်ဇောဟိန်းက စီမံကိန်းဆိုင်ရာ အကြောင်းအရာအကျဉ်းချုပ်အားလည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြပါသည်။

ထို့နောက် ကျေးရွာသူ ကျေးရွာသားများကိုယ်စား ကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင် စကားပြောကြားပါသည်။

          အဆိုပါ အခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းနှင့် စီမံကိန်းတာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ မြို့နယ်အဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီများ၊ စီမံကိန်းကျေးရွာကော်မတီ များနှင့် ကျေးရွာသူ/သားများ တက်ရောက်ခဲ့ကြပါသည်။

ကျေးလက်ဒေသ အခြေခံအိမ်ထောင်စုများ၏ အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေး စီမံကိန်း ကို ထိုင်းနိုင်ငံ၊ လူထုဖွံ့ဖြိုးရေးဦးစီးဌာန၏ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေမှ ထောက်ပံ့သည့် အမေရိကန်ဒေါ်လာ(၁၀၀၀၀)ဖြင့် ကျေးရွာ တစ်ရွာ ရွေးချယ်၍ အဆိုပါကျေးရွာရှိ အခြေခံအိမ်ထောင်စုများအား စီမံကိန်းသတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အားပေးမြှင့်တင်ခြင်းလုပ်ငန်းများကို စီမံကိန်း ကာလ(၃)လကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းထံမှသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm