Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ညှိနှိုင်းအစည်း အဝေးကျင်းပ


23 Mar,2022

          

         

ဘေးအန္တရာယ်ကျရောက်ပြီးနောက် ထိခိုက်သွားသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ပေးရန်နှင့် ထိခိုက်သူများအား စိတ်ဓါတ်ပြန်လည် မြှင့်တင် ပေးရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၁၆)တွင် ကျင်းပသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ သက်ဆိုင်ရာ ဝန်ကြီး ဌာန(၁၀)ခုမှ ကော်မတီအဖွဲ့ဝင်အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် များ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးက မိမိတို့ကော်မတီမှ ဆောင်ရွက်ရမည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်း တာဝန်(၁၄)ရပ်ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ချမှတ် ပေးထားပြီး အဓိကအပိုင်း(၂)ပိုင်းဖြင့် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ပထမအပိုင်းမှာ ကြိုတင်ပြင်ဆင်ခြင်းအပိုင်းနဲ့ ဒုတိယအပိုင်းမှာ ပြန်လည်ထူထောင်ရေးအပိုင်းဖြစ်ပါကြောင်း၊ သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှု အနည်းအများအပေါ် အခြေခံပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရမှာဖြစ်လို့ ပြန်လည်ထူထောင်ရေး အပိုင်းမှာလည်း အစောပိုင်းကာလ ပြန်လည်ထူထောင်ရေးနှင့် ရေရှည်ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပိုင်းခြားသတ်မှတ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရမှာဖြစ်ပါကြောင်း၊
ဒီလိုဆောင်ရွက်ရာမှာလည်း အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေးလုပ်ငန်း များကို အလျင်အမြန်ပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်သည့် နေရာများတွင် ပုံမှန်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပြင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်း များ၊ နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုများ၊ ရင်းနှီးမတည်မှုနှင့် သွင်းအားစုပိုင်းဆိုင်ရာ ကူညီ ထောက်ပံ့မှုများ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအားပေးမြှင့်တင်မှုများကို အဓိကထားဆောင်ရွက် ပေးဖို့လိုအပ်မှာ ဖြစ်ပါကြောင်း၊ ဒီလိုဆောင်ရွက်ရာမှာလည်း ယခင်ရရှိပြီးသားအတွေ့ အကြုံများအပေါ် အခြေခံပြီး ဘေးဒဏ်သင့် ပြည်သူများ၏လိုအပ်ချက်များကို အချိန်နှင့် တပြေးညီဖြည့်ဆည်းပေးနိုင်မည့် ပိုမိုပြည့်စုံကောင်းမွန်သည့်နည်းလမ်းများ၊ အစီအစဉ်များ ကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှသာ အချိန်တိုအတွင်း ထိရောက်အောင်မြင် စေမှာဖြစ် ပါကြောင်း ပြောကြားသည်။
ထို့နောက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူးမှ အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများ နှင့်စပ်လျဉ်း၍ ဌာနအလိုက် တာဝန်ခွဲဝေဆောင်ရွက်မည့်အခြေအနေများ၊ ကော်မတီဝင် ဝန်ကြီး ဌာနနှင့် ဦးစီးဌာနများအလိုက်သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့သောဒေသများတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်ပေး နိုင်ခဲ့မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန်စီစဉ်ထားရှိမှုအခြေအနေများအား ရှင်းလင်း တင်ပြခဲ့ပြီး တက်ရောက် လာသောကော်မတီဝင်အသီးသီးမှ မိမိတို့နှင့်သက်ဆိုင် သည့် အခန်းကဏ္ဍများအလိုက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြန်လည် ထူထောင် ရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ကြသည်။
တင်ပြချက်များအပေါ်ကော်မတီဉက္ကဌ ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံဟာ သဘာဝဘေး အများဆုံးကျရောက်နိုင်မှုနှင့်ထိခိုက်လွယ်မှု အများဆုံးနိုင်ငံများထဲတွင် ပါဝင်တာကြောင့် မိမိတို့ ပုံမှန်ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သဘာဝ ဘေးကြိုတင်ကာကွယ်ရေး၊ ရာသီဉတုနှင့်လိုက်လျောညီထွေဖြစ်စေရေး၊ သဘာဝဘေး ဒဏ်ခံနိုင်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဆိုင်ရာ အခြေခံအဆောက် အအုံများ ဖြစ်ပေါ်ရေး၊ သဘာဝဘေးဒဏ်ကို တုံ့ပြန်နိုင်စွမ်းအားကောင်းသောလူသားအရင်း အမြစ်များ ဖြစ်ပေါ်ရေးတို့အတွက် မိမိတို့တာဝန်ယူ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ကော်မတီဝင် ဌာနများအားလုံးမှ အကောင်းဆုံးကြိုတင် ပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊
မိမိတို့ အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီအနေဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ချမှတ်သည့် မူဝါဒများ လမ်းညွှန်ချက်များနှင့်အညီ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရန် အသက်မွေးဝမ်းကျောင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အကောင်းဆုံးကြိုတင်ပြင်ဆင်ပြီး စနစ်တကျ စီမံချက် ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm