Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သန်လျင်ခရိုင်နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တို့ ပူးပေါင်းဖွင့်လှစ်သည့် “သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကျင်းပ


06 Feb,2024

သန်လျင်၊ ဖေဖေါ်ဝါရီလ ၅ရက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ လူမှုဆန်းသစ်တီထွင်မှုအထောက်အကူပြုယူနစ်နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သန်လျင်ခရိုင်တို့ ပူးပေါင်းဖွင့်လှစ်သည့် “သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ၅-၂-၂၀၂၄ ရက်နေ့နံနက် ၉:၀၀ နာရီတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ဥတ္တရဆောင်၊ အခန်းအမှတ် (N-106) တွင် ကျင်းပပြုလုပ်ခဲ့ရာ အင်္ဂလိပ်စာဌာနမှ ပါမောက္ခ(ဌာနမှူး) မှ ကျောင်းသား၊ ကျောင်းသူများအတွက် Extra Curriculum အဖြစ်သင်ကြားပေးပြီး အပိုဝင်ငွေရရှိနိုင်ရေးအတွက် အထောက်အကူဖြစ်စေရန်၊ လူမှုဆန်းသစ်တီထွင်မှု အထောက်အကူပြု သင်တန်းများမှတစ်ဆင့် မိမိတို့တတ်ကျွမ်းထားသော ပညာရပ်များနှင့် တစ်ပိုင်တစ်နိုင်လူမှုစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် အသက်မွေး ဝမ်းကြောင်းစီးပွားရေးလုပ်ငန်းအတွက် နည်းပညာအခြေခံရရှိပြီး ဝင်ငွေရရှိရေး ဦးတည်ဆောင်ရွက် နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် သန်လျင်ခရိုင်၊ အသေစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ဝါဝါနိုင် မှ သင်တန်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ရှင်းလင်ပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခများ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ သင်တန်းပို့ချမည့် နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ (၅၀) ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm