Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမှုထမ်းများလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲကျင်းပ


22 Jan,2024

နေပြည်တော်၊ ဇန်နဝါရီ ၂၂

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ရုံးချုပ်၊ ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများ၊ ခရိုင်ရုံးများ၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းများတွင် အသစ်ခန့်အပ်ခဲ့သော ဒုတိယဦးစီးမှူးနှင့်အောက် အမှုထမ်း(၄၅) ဦးအား အရည်အချင်းရှိပြီး လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ အမှုထမ်းများလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပပြုလုပ်သည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ မိမိတို့ ဌာနသည် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများပို့ချပြီး ပြည်သူများအတွက် မိသားစုဝင်ငွေ တိုးပွားရရှိစေရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန်တို့အတွက် ဆောင်ရွက်ပေးနေသည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိ တို့ဌာနက ချမှတ်ထားသည့် လုပ်ငန်းစဉ်များကို စနစ်တကျသိရှိ တတ်ကျွမ်းနားလည်မှသာ ပြည်သူများ၏ အကျိုးစီးပွားကို ထိရောက်စွာ ဖော်ဆောင်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ တိုင်းပြည်အကျိုး စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သကဲ့သို့ ဌာန၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မူဝါဒများ၊ ဥပဒေ လုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဍာရေးဆိုင်ရာ အခြေခံ သဘောတရားများကို ကောင်းစွာသိရှိမှသာ လုပ်ငန်းတာဝန်များ လျင်မြန်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းတွင် သင်ကြားပို့ချပေးသည့် လုပ်ငန်းဆိုင်ရာ သင်ခန်းစာများကို ဂရုတစိုက် လေ့လာသင်ကြားကြပြီး မိမိတို့ တာဝန်ကျရာရုံး၊ ဌာနများသို့ ရောက်ရှိသည့်အခါ လက်တွေ့ လုပ်ငန်းခွင်နယ်ပယ်များနှင့် ပေါင်းစပ်ဆောင်ရွက်ကြပြီး နိုင်ငံအကျိုးပြု၊ ဌာနအကျိုးပြု ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ယခု ဖွင့်လှစ်သော သင်တန်းတွင် လုပ်ငန်းတာဝန်များ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊  ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ရုံးလုပ်ငန်းများနှင့် စီမံခန့်မှုဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm