Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသုံးချစာရင်းအင်းအထူးပြု ကျောင်းသား၊ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ


16 Jan,2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၁၅.၁.၂၀၂၄)ရက်နေ့ နံနက်ပိုင်း(၉း၀၀)နာရီတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသုံးချစာရင်းအင်းအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား အစီအစဉ်များကို ဘွဲနှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 
အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာန (၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သက်ဆိုင်ရာ သင်ကြားရေးဌာနများမှ ဆရာဆရာမများ၊ အသုံးချ စာရင်းအင်းအထူးပြု ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။ 
အခမ်းအနားအစီအစဉ်အရ အသုံးချစာရင်းပညာအထူးပြု ကျောင်းသား၊ ကျောင်းသူများမှ မြတ်ဆရာသီချင်း သီဆို၍လည်းကောင်း၊ အကအလှဖြင့် လည်းကောင်း ဖျော်ဖြေခဲ့ပြီးနောက် ဆရာ၊ဆရာမများအား ဂါရဝရှေ့ထား ပူဇော်ကန်တော့ခဲ့ကြပါသည်။
ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ‌ဒေါက်တာမို့မို့ရီမှ သြဝါဒအမှာစကားပြောကြားရာတွင် အသုံးချစာရင်းအင်းပညာအထူးပြု ဘာသာရပ် မိမိတို့စိတ်ကြိုက် ရရှိခဲ့ကြသည့်အတွက် အကောင်းဆုံး ကြိုးစားသွားကြရန်၊ အသုံးချစာရင်းအင်း ပညာအထူးပြုဘာသာရပ်သည် သုတေသနလုပ်ငန်းရပ်များတွင် အရေးပါရုံသာမက အစိုးရအဖွဲ့အစည်းများတွင်လည်း ရသုံးမှန်ခြေစာရင်း၊ အစိုးရအသုံး စရိတ် ခန့်မှန်းတွက်ချက်ခြင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်း၊ အကျိုးပြု သုတေသန လုပ်ငန်းများလုပ်ဆောင်ခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနဆိုင်ရာ နည်းပညာနှင့်နည်းလမ်းများ ထုတ်ဖော်ပြီး စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆုတ်ယုတ်မှုများကို ဖော်ထုတ်ရာတွင် အရေးပါလှသည့် ဘာသာရပ် ဖြစ်သည့်အတွက် တန်ဖိုးထားသင့်ပါကြောင်း၊ အသုံးချစာရင်းအင်းပညာအထူးပြု ဘာသာရပ် ကို လေ့လာဆည်းပူး၊ လေ့ကျင့်၍ လက်တွေ့နယ်ပယ်တွင်အကျိုးရှိရှိ အသုံးချပြီး တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်မှုများကို တက်အားသရွေ့ ပါဝင်ဆောင်ရွက်နိုင်ကြသလို တက်ရောက်ခွင့်ရသည့် အမိတက္ကသိုလ်ကို တန်ဖိုးထားဂုဏ်ယူပြီး အမိတက္ကသိုလ်၏ဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစားသွားကြရန် မှာကြားခဲ့ပြီး ဆုပေးစကားအနေဖြင့် ဆရာ့ဂုဏ်ကို တန်ဖိုးထားကြည်ညိုခဲ့ကြသည့်အတွက် ထူးချွန်ထက်မြတ်ပြီး မိမိနိုင်ငံမှ အားကိုးအားထားရသည့် လူတော်လူကောင်းများ ဖြစ်လာနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းခဲ့ပြီးနောက် စာရင်းအင်းပညာဌာန ပါမောက္ခ (ဌာနမှူး)မှ ကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါ သည်။
ဆက်လက်၍ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၊ အသုံးချစာရင်းအင်းပညာအထူးပြု ဘာသာရပ်တွင် အမှတ်အများဆုံးဖြင့် ရောက်ရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဂုဏ်ပြု စာစီစာကုံး နှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ အားလည်းကောင်း၊ အားကစားပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား၊ကျောင်းသူများအား လည်းကောင်း၊ ဟောပြောပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ကျောင်းသားအားလည်းကောင်း  သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ နှင့် စာရင်းအင်းပညာဌာန(ဌာနမှူး)တို့မှ  ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ ကြပြီးနောက် အာစရိယပူဇော်ပွဲအခမ်းအနား ပြီးဆုံးခဲ့ပါသည်။ 
ဒုတိယပိုင်းအခမ်းအနားအစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ရာ ကျောင်းသူ တစ်ဦးမှ မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး  မောင်မယ် သစ်လွင်များကိုယ်စား ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး နောက် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များကို အကအလှများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြပြီးနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အသုံးချစာရင်းအင်း ပညာအထူးပြု (First Semester, Second Semester) မောင်သစ်လွင် (Fresher King) မယ်သစ်လွင်(Fresher Queen) နှင့် (First Semester, Second Semester) People Choice Boy and Girl များကို တက်ရောက်လာကြသည့် ဧည့်ပရိသတ်များ နှင့် မိတ်ဆက်ခြင်း၊ မဲပေးခြင်း၊ ဖျော်ဖြေရေးအဖွဲ့များက အဆိုအက အလှများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အသုံးချစာရင်းအင်းပညာအထူးပြု မောင်သစ်လွင် (First Semester King) မယ်သစ်လွင်(First Semester Queen) နှင့် First Semester People Choice Boy and Girl, မောင်သစ်လွင် (Second Semester King) မယ်သစ်လွင်(Second Semester Queen) နှင့် Second Semester People Choice Boy and Girl,များကို ရွေးချယ်ခဲ့ပြီး ရွေးချယ်ခံရသည့် မောင်သစ်လွင် (First Semester King),  မောင်သစ်လွင်(Second Semester King)ရရှိသူတို့အား  စလွယ် နှင့် အမှတ်တရ လက်ဆောင် ကို လည်းကောင်း၊ မယ်သစ်လွင်(First Semester Queen), မယ်သစ်လွင် (Second Semester Queen)ရရှိသူတို့အား စလွယ် စတားသရဖူ နှင့် အမှတ်တရ လက်ဆောင်ကို လည်းကောင်း၊ (First Semester, Second Semester)People Choice Boy ရရှိသူတို့အား  စလွယ်နှင့် အမှတ်တရ လက်ဆောင်ကို လည်းကောင်း၊ (First Semester, Second Semester) People Choice Girl ရရှိသူတို့အား စလွယ်၊ စတားသရဖူနှင့် အမှတ်တရလက်ဆောင်တို့ကို ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ပါမောက္ခ(ဌာနမှူး)များမှ အသီးသီး ပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းဓါတ်ပုံများ ရိုက်ယူခဲ့ကြပါသည် ဒုတိယပိုင်း အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm