Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ချောင်းရေတင်လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ


23 Jun,2022

             နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်မှ (၁၇) ရက်ထိ ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်အရ ကျိုင်းတုံမြို့နယ်၊ နမ့်ခင်ချောင်းနှင့် မိုင်းခတ်မြို့နယ်၊ နမ့်လွေချောင်းတို့တွင် နေရောင်ခြည်စွမ်းအင်သုံးဆိုလာ စနစ်ဖြင့် ချောင်းရေတင် လုပ်ငန်းများ အား အောက်ပါအတိုင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်-

(၁)     ကျိုင်းတုံမြို့နယ်၊ နမ့်ခင်ချောင်းမှ ဆိုလာရေတင်ပန့်စနစ်ဖြင့် ချောင်းရေ တင်လုပ်ငန်းနှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းအတွက် ရေတင်ပန့် (10 Hp Centrifugal) (၂)စုံ၊ Solar Pannel (14.4 kW) (၂)စုံ၊ ရေပိုက်သွယ် တန်းခြင်း (၄"Ø၊ ၂"Ø ၈၆၀၀') တို့အား ၂၀၂၁ - ၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် (၁၀၉.၂) သန်းဖြင့် ရာနှုန်းပြည့်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျေးရွာ (၈) ရွာ၊ စိုက်ပျိုးဧက (၆၀) နှင့် တောင်သူ (၃၃) ဦး တို့အား အကျိုးပြုလျက်ရှိပါသည်။

(၂)     မိုင်းခတ်မြို့နယ်၊ နမ့်လွေချောင်းမှ ဆိုလာရေတင်ပန့်စနစ်ဖြင့် ချောင်းရေ တင် လုပ်ငန်းနှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းအတွက် ရေတင်ပန့် (7.5 Hp Centrifugal) (၁)စုံ၊ Solar Pannel (9.9 kW) (၁)စုံ၊ ရေပိုက်သွယ်တန်းခြင်း (၄"Ø၊ ၂"Ø ၄၃၀၀') တို့အား ၂၀၂၁-၂၀၂၂ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် (၄၄.၂) သန်းဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျေးရွာ (၁) ရွာ၊ စိုက်ပျိုးဧက (၃၀) နှင့် တောင်သူ (၁၁) ဦးတို့အား အကျိုးပြုလျက် ရှိပါသည်။ နမ့်ခင်ချောင်းနှင့် နမ့်လွေချောင်း ချောင်းဘေးတစ်လျှောက် ရာသီဥတုနှင့် လိုက်လျောညီထွေရှိပြီး တောင်သူတွက်ချေကိုက်သောသီးနှံများ ရွေးချယ်စိုက်ပျိုး နိုင်ရေးအတွက် သက်ဆိုင်ရာဦးစီးဌာနများနှင့် တောင်သူများ ညှိနှိုင်းဆွေးနွေး၍ စီမံချက် ရေးဆွဲဆောင်ရွက်လျက်ရှိရာ နွေရာသီတွင် နွေစပါး (၉၀) ဧက သီးထပ် စိုက်ပျိုးနိုင်မည့်အပြင် ဆောင်သီးနှံအမယ်စုံကိုလည်း စိုက်ပျိုးသွားနိုင်မည် ဖြစ်ပါသည်။

          နေရောင်ခြည်စွမ်းအင်သုံး ဆိုလာချောင်းရေတင်စနစ် ရေရှည်တည်တံ့ နိုင်ရန်နှင့် စိုက်ပျိုးရေကို စနစ်တကျအကျိုးရှိစွာ သုံးစွဲစေရန် တောင်သူများအား ကော်မတီ ဖွဲ့စည်းပေး၍ သင်တန်းပို့ချပေးသွားမည်ဖြစ်ပါသည်။ ယာယီရေစုကန် ပျက်စီးမှုမရှိစေရေးနှင့် စီမံချက်အတိုင်း စိုက်ပျိုးနိုင်ရန် တောင်သူများအား ကြီးကြပ်ခြင်း၊ ပိုးမွှား ရောဂါမကျရောက်စေရေး ကြိုတင်ကာကွယ်ခြင်းနှင့် သီးနှံအာဟာရကျွေးမွေးပြုစုခြင်း တို့အတွက် နည်းပညာပေးခြင်းလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။      


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm