Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တော်ဝင်မိုင်းယောင်းအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်းမှ တန် ၃၀ ကျ ဆန်စက် လည်ပတ်နိုင်ရေးဆောင်ရွက်ပေးလျက်ရှိ


22 Jun,2022

             နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော် ဝန်ကြီးချုပ်၏ ၁၄-၂-၂၀၂၂ ရက်မှ ၁၇-၂-၂၀၂၂ ရက်ထိ ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ သွားရောက်စဉ် ခရီးစဉ်လမ်းညွှန်မှာကြားချက်အရ မိုင်းယောင်း ဒေသခံလုပ်ငန်းရှင်များ ပူးပေါင်းပြီး BOD အဖွဲ့ ဖွဲ့စည်း၍ တော်ဝင်မိုင်းယောင်း အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းကို ၁၅-၃-၂၀၂၂ ရက်တွင် ဖွဲ့စည်းကာ တန် ၃၀ ကျ ဆန်စက် တည်ထောင်လည်ပတ်နိုင်ရေးအတွက် စီမံချက်ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်းဆောင်ရွက်ရန်အတွက်မတည်ရင်းနှီးငွေကျပ်သိန်း (၅၀၀) ကို တာချီလိတ်မြို့နယ် သမဝါယမအသင်းစုမှ ၂၅-၃-၂၀၂၂  ရက်တွင်  ထုတ်ချေးထားပြီးဖြစ်ပါသည်။

               မိုင်းယောင်းမြို့နယ်၊ ယမ်းခမ်းကျေးရွာရှိ မြေဧရိယာ (၁.၅) ဧကအကျယ်တွင် တန် (၃၀) ဆန်စက်၊ သိုလှောင်ရုံ၊ အသင်းရုံးခန်းတို့အား တည်ဆောက်သွားမည် ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ မေလတွင် စက်ရုံ၊ အလုပ်ရုံဆောက်လုပ်ခြင်းနှင့် ဇွန်လ၌ ဆန်စက်ပစ္စည်းများ တင်သွင်း၍ ကျွမ်းကျင်သူစက်ဆရာများဖြင့် စက်ပစ္စည်းတပ်ဆင်ရန် ပြင်ဆင်ဆောင်ရွက် ပြီးနောက် ဇူလိုင်လတွင် ဆန်စက်အားအပြီးသတ် တည်ဆောက်၍အစမ်းလည်ပတ်မည် ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှ အောက်တိုဘာလအတွင်း ဒေသခံတောင်သူများနှင့် ချိတ်ဆက်၍ မိုးစပါးရိတ်သိမ်းချိန်အမီ ကြိတ်ခွဲနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm