Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အုန်းအခြေခံတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိ


20 Jun,2022

        နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၈-၁၂-၂၀၂၁ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်သို့ သွားရောက်ခဲ့သည့်ခရီးစဉ်၌ ကိုကိုးကျွန်း မြို့နယ်တွင် အဓိကထွက်ရှိသော အုန်းထွက်ပစ္စည်းများအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊အသေးစားစက်မှုလက်မှုလုပ်ငန်းများနှင့် ပေါင်းစပ်၍ ယခုထက် ပိုမိုစီးပွားဖြစ် ထုတ်လုပ်နိုင်ရေးနှင့် ထုတ်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်း မြို့ရှိ မြို့တော်ခန်းမတွင် ၃၀-၁-၂၀၂၂ မှ ၉-၂-၂၀၂၂ ရက်နေ့အထိ သင်တန်းသား (၂၁) ဦးကို (၁၁) ရက်ကြာပို့ချခဲ့ပြီး အဆိုပါသင်တန်းတွင် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်နည်း ဘာသာရပ်(၁၁) မျိုးနှင့် လူသုံးကုန်ထုတ်လုပ်နည်း ဘာသာရပ် (၄) မျိုး၊ စုစုပေါင်း ဘာသာရပ် (၁၅) မျိုးအား သင်ကြားပို့ချခဲ့ပါသည်။ အုန်းသီးအခြေခံတန်ဖိုးမြှင့်စားသောက် ကုန်လုပ်ငန်းသုံးစက်များဖြစ်သော Autoclave, Wine Tank နှင့် ရေခဲမုန့်စည်တို့အား တစ်ပိုင်တစ်နိုင်စားသောက်ကုန်လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် လုပ်ငန်းလုပ်ကိုင်မည့် သင်တန်းသားများအား စက်ပစ္စည်း (၃) မျိုးကို (၁) နှစ် အရစ်ကျစနစ်ဖြင့် ရောင်းချပေးနိုင်ခဲ့ပါသည်။

            အုန်းအမာခွံလက်မှုထည်သင်တန်းကို ၃၀-၁-၂၀၂၂ မှ ၉-၂-၂၀၂၂ ရက်နေ့အထိ သင်တန်းသား (၈) ဦးကို (၁၁) ရက်ကြာ သင်ကြားပို့ချခဲ့ပြီး အဆိုပါသင်တန်းတွင် အုန်းအမာခွံလက်မှုထည်ထုတ်ကုန်ပစ္စည်း (၁၁) မျိုးကို သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။ သင်တန်းဆင်း(၈)ဦးအား လက်မှုထည်များ ဆက်လက်လေ့ကျင့်ထုတ်လုပ်နိုင်ရန် သင်တန်း သားတစ်ဦးလျှင် ငွေကျပ် (၂၂၂၀၀) တန်ဖိုးရှိ လက်သုံးကိရိယာ (၈) မျိုးစီဖြင့် စုစုပေါင်း ငွေကျပ် (၁၇၇၆၀၀) ကျပ် တန်ဖိုးရှိ လက်သုံးကိရိယာများကို ထောက်ပံ့ပေးအပ်နိုင် ခဲ့ပါသည်။ အုန်းအမာခွံလက်မှုထည်သင်တန်းသုံး စက်များဖြစ်သည့် scroll saw (၁) လုံး၊ Mini drill (၄) လုံးစသည့် ခေတ်မီစက်ကိရိယာများကို လက်မှုထည်များ ဆက်လက် လေ့ကျင့်ထုတ်လုပ်နိုင်ရန်နှင့် လုပ်ငန်းလုပ်ကိုင်မည့်သင်တန်းသားများအား (၆)လ အရစ်ကျ စနစ်ဖြင့် ရောင်းချပေးနိုင်ခဲ့ပါသည်။ ဆက်လက်၍ အုန်းဆံမျှင်အခြေခံ တန်ဖိုးမြှင့်လက်မှု ထည်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်းများကို ဆက်လက်ပို့ချပေးရန် စီစဉ် ထားပါသည်။

          ထို့ပြင် အုန်းသီးမှ အုန်းဆံကြိုးထုတ်လုပ်ရန်အတွက် လိုအပ်သော အောက်ပါ စက်ပစ္စည်းများကို ထောက်ပံ့တပ်ဆင်ဆောင်ရွက်ပေးခဲ့ပါသည်- 

စဉ်

စက်ပစ္စည်းအမျိုးအစား

ကုန်ကျစရိတ်

ရိုက်စက် (10 Hp)

(တစ်နာရီလျှင် အုန်းသီး ၃၀၀၀ ခန့် ရိုက်နိုင်ပါသည်)

၂၀၀၀၀၀၀

အမှုန့်ခါစက် (1‌ Hp)

(တစ်နာရီလျှင် ၁၂၀၀ Kg ခန့် ထွက်ရှိပါသည်)

၅၀၀၀၀၀

အမျှင်သန့်စက် (5Hp)

(တစ်နာရီလျှင် ၈၀၀ Kg ခန့် ထွက်ရှိပါသည်)

၁၀၀၀၀၀၀

ကြိုးကျစ်စက် (1 Hp)

(တစ်နာရီလျှင် အုန်းဆံကြိုး ၂ ပိဿာခန့် ထွက်ရှိပါသည် အုန်းဆံကြိုး Size 0.3 cm, 0­.5 cm, 1 cm အရွယ်အစား Size များကို လိုအပ်သလို ကျစ်ယူနိုင်ပါသည်။)

၁၀၀၀၀၀၀

စက်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း/ တပ်ဆင်ခြင်း ကုန်ကျ စရိတ်၊ စက်ပစ္စည်းလည်ပတ်ရန်အတွက် လျှပ်စစ်ပစ္စည်းကုန်ကျ စရိတ်

၁၉၄၂၄၀၀

 

စုစုပေါင်း

၆၄၄၂၄၀၀

       


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm