Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေဖြူမြို့နယ်တွင် တိုးတက်အောင်လယ်ယာထုတ်ကုန်ဝန်ဆောင်မှု သမဝါယမအသင်းလီမိတက်အား ဖွဲ့စည်း


17 Jun,2022

နေပြည်တော်၊ ဇွန်၁၇

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာအုပ်စု မင်းဒပ်ကျေးရွာနေ တောင်သူ များက မင်းဒပ်ကျေးရွာဓမ္မာရုံတွင် တိုးတက်အောင် လယ်ယာထုတ်ကုန်ဝန်ဆောင်မှုသမဝါယမ အသင်းလီမိတက်အား အသင်းသား တောင်သူ ၃၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

အဆိုပါ အသင်းဖွဲ့စည်းရေးအခမ်းအနားသို့ တနင်္သာရီတိုင်းတိုင်းဒေသကြီးအဆင့် ဖွဲ့စည်းရေးကော်မတီ ဥက္ကဋ္ဌဦးကျော်စိုးမင်းနှင့်တာဝန်ရှိသူများ၊ ရေဖြူမြို့နယ်သမဝါယမအသင်းစု ဥက္ကဌနှင့်အမှုဆောင်များနှင့် အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm