Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အခြေခံစာရင်းရေးစာရင်းကိုင် ၁/၂၀၂၂ သင်တန်းဆင်းပွဲ ကျင်းပ


16 Jun,2022

တနင်္သာရီ၊ ဇွန် ၁၆

တနင်္သာရီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၏ အခြေခံစာရင်းရေးစာရင်းကိုင် ၁/၂၀၂၂ သင်တန်းဆင်းပွဲ အခမ်းအနားကို တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဇွန်လ ၁၅ရက်နေ့က ကျင်းပခဲ့ရာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်ကြားပို့ချမည့် မြို့နယ်သမဝါယမဦးစီးအရာရှိများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြ သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာနညွှန်ကြားရေးမှူးက အမှာစကားပြောကြားခဲ့သည်။  အခြေခံစာရင်းရေးစာရင်းကိုင် ၁/၂၀၂၂ သင်တန်းကို (၁၆-၅-၂၀၂၂)မှ (၁၅-၆-၂၀၂၂) ရက်နေ့ထိ သင်တန်းသား/သူ (၁၄) ဦးဖြင့် (၁)လကြာ သင်ကြားပို့ချပေးခဲ့သည်။ အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ထားဝယ်၊ သရက်ချောင်းနှင့် ရေဖြူ မြို့နယ်များမှ ဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm