Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာ(TOT)သင်တန်းဆင်းပွဲကျင်းပ


16 Jun,2022

နေပြည်တော်၊ ဇွန် ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်မှု ဖွံ့ဖြိုးရေးဌာနခွဲမှကြီးမှူး ဖွင့်လှစ်ခဲ့သည့် ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာ(TOT)သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် အဆိုပါဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေါ်ငြိမ်းအေး (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များထဲတွင် မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးရန်ဆိုသည့် အချက်လည်းပါဝင်ကြောင်း၊ ယခု သင်တန်းတွင် လက်မှုအတတ်ပညာသာမက ပညာရပ်ဗဟုသုတအနေဖြင့် ဝါးအမျိုးမျိုးအကြောင်း၊ ဝါးသက်တမ်းအလိုက် အသုံးဝင်မှုများ၊ ဝါးတာရှည်ခံနည်းပညာများကို စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ပြီး ကျွမ်းကျင်မှု(Skill) နှင့် တီထွင်ဖန်တီးမှု(Creation) မြှင့်တက်စေရန် ကိုယ်တိုင် လေ့လာ၊ လေ့ကျင့်ရမည်ဖြစ်ကြောင်း၊ ကျွမ်းကျင်မှုနှင့် တီထွင်ဖန်တီးမှု ပေါင်းစပ်ပြီး Design အမျိုးမျိုးဖန်တီးထုတ်လုပ်နိုင်ရန်လည်း လေ့ကျင့်ရမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့ တာဝန်ကျရာ ဒေသအသီးသီးသို့ ပြန်ရောက်သည့် အချိန်တွင်လည်း နိုင်ငံအတွင်း ပေါများစွာပေါက်ရောက်နေသော ဝါးသယံဇာတများကို အသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ဝါးလက်မှုထည်နည်းပညာများကို ထပ်ဆင့်ဖြန့်ဝေ နိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဌေး(သင်တန်းကြီးကြပ်)က သင်တန်းသား ထူးချွန်ဆုများ ပေးအပ်၍ အခမ်းအနားသို့ တက်ရောက်လာသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm