Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးညိုမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထာက်အကူပြု ယိုမျိုးစုံပြုလုပ်နည်းသင်တန်း ဆင်းပွဲ ကျင်းပပြုလုပ်


15 Jun,2022

မိုးညိုမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထာက်အကူပြု ယိုမျိုးစုံပြုလုပ်နည်းသင်တန်း ဆင်းပွဲ ကျင်းပပြုလုပ်

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မိုးညိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ယိုမျိုးစုံ ပြုလုပ်နည်း သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၁၄ ရက်နေ့က သပြေပင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

      ရှေးဦးစွာ  မိုးညိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေဂဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းခိုင်မှ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ပြီး မိသားစုဝင်ငွေတိုးပွားလာစေရေးအတွက် ယခုကဲ့သို့ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများဖွင့်လှစ်ပေးရခြင်းကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသူများအား တာဝန်ရှိသူ များမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

       အဆိုပါအခမ်းအနားသို့ မိုးညိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိဝန်ထမ်းများ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ သာယာဝတီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများ၊ သင်တန်းသူ ၂၀ဦးတို့ တက်ရောက်ခဲ့ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm