Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊တမူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ခြင်းယှက်သင်တန်းဖွင့်ပွဲအခမ်းအနား


14 Jun,2022

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊တမူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ခြင်းယှက်သင်တန်းဖွင့်ပွဲအခမ်းအနား

 

စစ်ကိုင်း ဇွန် ၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးပြီး တမူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ "အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ခြင်းယှက်သင်တန်း"ဖွင့်ပွဲကို ဇွန်လ(၇)ရက်နေ့ နံနက်(၈)နာရီတွင် အဆိုပါဦးစီးဌာန၌ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပထမဦးစွာ တမူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်လွင်ဦး မှ အမှာစကားပြောကြားပြီး တမူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူခိုင် မှ အဆိုပါသင်တန်းတွင် သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် သင်ကြားပေးသည့် ပညာရပ်များကို လက်တွေ့ အသုံးချ၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေလိုကြောင်း  ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါ ခြင်းယှက်သင်တန်းသို့ တမူးမြို့နယ်အတွင်းရှိ ဟဲဇင်းကျေးရွာာ၊ ဗန္ဓုလကျေးရွာတို့မှ သင်တန်းသူ (၁၃)ဦးတက်ရောက်ခဲပြီး သင်တန်းကို စာတွေ့လက်တွေ့ (၁၀)ရက်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးဒေါ်ကြူကြူခိုင် ထံမှ သိရှိရပါသည်။

ကိုမြတ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm