Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဧရာဝတီတိုင်းဒေသကြီး၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ‌ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


16 Jun,2022

နေပြည်တော် ဇွန် ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဇွန်လ (၁၅) ရက်နေ့၊ နံနက်ပိုင်းက သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေးပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးသို့ ရောက်ရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ဧရာဝတီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် ဟင်္သာတခရိုင် တာဝန်ရှိသူများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ရွှေတောင်စုကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ ခရိုင်မှူးမှ မကျီးကုန်းကျေးရွာအုပ်စု၊ အိမ်ခြေ (၁၀၇) အိမ်၊ လူဦးရေ (၃၅၄) ဦး ရှိသော ရွှေတောင်စုကျေးရွာအား ခေတ်မီစံပြကျေးရွာ (SMART Village) အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအားလည်းကောင်း၊ ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်များက မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ်များအား လည်းကောင်း၊ ဒေသခံပြည်သူများမှ ကျေးရွာ၏ လက်ရှိ‌‌ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ကျေးရွာ၏ လိုအပ်ချက်များအားလည်းကောင်း ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ရွှေလဝန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်အတွက် ထောက်ပံ့ငွေများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီးမံကိန်း VDP ဖြင့် ‌ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ထောက်ပံ့ငွေများအား ကျေးရွာလူထုကိုယ်စား ကျေးရွာ‌ခေါင်းဆောင် ထံ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေတောင်စုကျေးရွာ၏  သစ်ပင် စိုက်ပျိုးပွဲ‌တော်၌ သစ်ပင်များ စိုက်ပျိုးခဲ့ကြပါသည်။

အဲဒီနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ လှော်ကထားကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ဒုတိယဝန်ကြီးက ကျောင်းဆုပေးပွဲအခမ်းအနား ကျင်းပရေးအတွက် အလှူငွေကျပ် (၁၀) သိန်းနှင့် စာအုပ်စာစောင်များ၊ ရေကြည်မြို့နယ်၊ သီတာကုန်းပြင် အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍ စာအုပ် စာစောင်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့၊ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်အုပ်ကြီး၊ ဆရာမဆရာမများ၊ ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့၌ ဖွင့်လှစ်နိုင်ရန် ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကာ သင်တန်းသား/ သူများနှင့် ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm