နေပြည်တော် ဇွန် ၁၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဇွန်လ (၁၄) ရက်နေ့၊ နံနက်ပိုင်းက သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)ရှိ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်မှုလက်မှု အလုပ်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) သို့ ရောက်ရှိပြီး အေးချမ်းပျော်ရွှင်စွာဖြင့် သမဝါယမပညာ ရပ်များ သင်ယူနေကြသော ပထမနှစ်နှင့် စတုတ္ထနှစ် ကျောင်းသားကျောင်းသူများအား တွေ့ဆုံကာ အားပေးစကားပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်ဘက်စုံသုံး ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ကျောင်းအုပ်ကြီး ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းမှ သမဝါယမပညာရပ်များ သင်ကြားပို့ချပေးနေမှုများ၊ တက္ကသိုလ်၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ကျောင်းစာကြည့်တိုက်၊ စာသင်ဆောင်များအား ကြည့်ရှု စစ်ဆေးပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ စက်မှုလက်မှုအလုပ်ရုံသို့ ရောက်ရှိပြီး တာဝန်ရှိသူ များ၏ လုပ်ငန်းဆောင်ရွက်နေမှု ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည် များ ဖြည့်စွက်မှာကြားကာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် အလုပ်ရုံ အတွင်းရှိ စက်ကိရိယာများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။