Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံသို့ လာရောက်၍ ကြည့်ရှုစစ်ဆေး


10 Jun,2022

အမရပူရ၊ ဇွန် ၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးသည် ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့ရှိ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံသို့ လာရောက်၍ ကြည့်ရှု့စစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကျောင်းရှိ စက်ရက်ကန်းဌာန၊ လက်ရက်ကန်းဌာန၊ ရွှေချည်ထိုး၊ ငွေချည်ထိုးဌာန၊ ရိုးရာလွန်းရာကျအချိတ်ဌာန၊ ပြတိုက်၊ အရောင်းပြခန်း၊ စာကြည့်တိုက်၊ Study Collection၊ အထည်ဆေးရေးဌာနတို့ကို ကျောင်းအုပ်ကြီးက လိုက်လံရှင်းလင်းပြသသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်က အပင်ကြီးများ အဆောက်ဦးအမိုးပေါ် ထိမနေစေရန်အတွက် ဂရုစိုက်ဆောင်ရွက်ကြရန်၊ ရက်ကန်းဆက်စပ်ပစ္စည်းများအား စနစ်တကျသေချာစွာ ထိန်းသိမ်းထားရှိ ရန်၊ စက်များစနစ်တကျ လည်ပတ်နိုင်ရေးဆောင်ရွက်ရန်၊ ရက်ကန်းနှင့်အသက်မွေးပညာကျောင်းများမှ ထူးချွန်သင်တန်းသားများကို ဒီပလိုမာပေါင်းကူးတတ်ရောက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်၊ ယခုနှစ် Study Collection တွင် ယခင်နှစ်များထက် ပိုမိုကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ပြီး သင်ကြားပေးရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm