Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


08 Jun,2022

နေပြည်တော်  ဇွန် ၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့သည် ဇွန်လ ၆ ရက်နေနှင့် ၇ ရက်နေ့တို့တွင် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နေမှု အခြေအနေများနှင့် ကျေးလက်နေပြည်သူများ၏ အခြေခံ လိုအပ်ချက်များအား ဖြည့်ဆည်းပေး နိုင်ရေး အတွက် သက်ဆိုင်ရာ ဦးစီးဌာန တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန်လ ၆ ရက်နေ့ ညနေပိုင်းက တောင်ကြီးမြို့ရှိ သမဝါယမစာရင်းရေး စာရင်းကိုင်သင်တန်းကျောင်းသို့ရောက်ရှိပြီး ဇွန်လ ၁၆ ရက်နေ့တွင် သင်တန်း များ အဆင်ပြေချောမွေ့စွာ ဖွင့်လှစ်သင်ကြားပို့ချနိုင်ရေးအတွက် သင်ကြားပို့ချမည့်စာသင်ခန်းများ၊ ကျောင်းဆောင်များ၊ သင်တန်းသား သင်တန်းသူ အိပ်ဆောင်များ ပြင်ဆင်ထားရှိမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးကာ သင်တန်းတက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးပါသည်။ ထို့နောက်  သမဝါယမစာရင်းရေးစာရင်းကိုင်သင်တန်း ကျောင်း ကျောင်းအုပ်ဆရာမကြီးက သမဝါယစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်း ဖွင့်လှစ်ရန် စီစဉ်ထားရှိမှု အခြေအနေများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက အကြောင်း အမျိုးမျိုးကြောင့် အခြေခံပညာ အဌမတန်း အောင်မြင်ပြီး ပညာဆက်လက် သင်ကြားရန် အခက်အခဲရှိသူများကို သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်း (၂)နှစ်တက်ရောက် ပြီးပါက သိအမှတ်ပြု လက်မှတ်ရရှိမှာဖြစ်ကြောင်း၊ ပြင်ပတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်မှာဖြစ်ကြောင်း၊ သမဝါယမ ဒီဂရီကောလိပ် သို့လည်း ပေါင်းကူးဆက်လက် တက်ရောက် နိုင်မှာဖြစ်ပြီး (၂)နှစ်တက်ရောက်ပြီးပါက ဒီပလိုမာ လက်မှတ်ရရှိမှာဖြစ်ကြောင်း၊ သင်တန်းကျောင်း မှ ကျောင်းသားကျောင်းသူများ ပိုမိုမွေးထုတ်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန်နှင့် ကျောင်းဆင်း ပါက အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက် ပေးရန်နှင့် သင်ကြားရေး၊ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး လိုအပ်သည်များ ကူညီပံ့ပိုးပေးရန် ဆွေးနွေးမှာကြားပြီး သင်တန်းသားများအတွက်  အားကစားပစ္စည်များ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရရယူခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရပ်စောက်မြို့နယ်၊ ဆတ်သေကျေးရွာ၌ အိမ်ခြေ ၁၂၀ လူဦးရေ ၅၉၆ ဦး သောက်သုံးရေဖူလုံစွာရရှိရေး ၂၀၂၁-၂၀၂၂ခုဘဏ္ဍာနှစ် ခြောက်လတာကာလတွင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် အရှည် တစ်မိုင် လေးဖာလုံ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေအားလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ဘက်စုံသုံးခန်းမ အလျား ၅၀ ပေ၊ အနံ ၄၀ ပေ၊ အမြင့် ၁၂ ပေ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လည်းကောင်း၊ ဆတ်သေကျေးရွာတွင် ရပ်စောက်မြို့နယ် သမဝါယမ အသင်းစုမှ စမ်းသပ်ထုတ်လုပ် လျက်ရှိသည့် စွမ်းထက်သဘာဝ ဓါတ်မြေဩဇာထုတ်လုပ်နေမှု အခြေအနေအား လည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက်ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် သမဝါယမကဏ္ဍ မြှင့်တင်ရေးနှင့် အသေးစား အလတ်စား စက်မှုလက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ကာ ဘက်စုံကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးရွာသူကျေးရွာသားများ အနေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား တက်ကြွစွာပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း နှင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားပြီး ရေရှည်တည်တံ့ ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရပ်စောက်မြို့နယ် ဘုရားဖြူကျေးရွာတွင် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လူဦးရေ ၄၂၉ ဦး အကျိုးပြုမည့် ကျေးရွာတွင်း အရှည်ပေ ၇၀၀၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် တည်ဆောက် ထားသော ဘက်စုံသုံးခန်းမ၌ ကျေးရွာနေပြည်သူများ၊ မြစိမ်းရောင်စီမံကိန်း အသင်းသားများနှင့် တွေ့ဆုံ၍ ကျေးရွာကော်မတီဝင်များက စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၆၀၀ ကျော်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အသင်းသား (၁၀၃)ဦးတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ် လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာသူကျေးရွာသားများအနေဖြင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်း များအား ပိုင်ရှင်စိတ်(Owner Ship)ဖြင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့ ဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများနှင့် ပေါင်းစပ်ကာ စံပြကျေးရွာများ ဖြစ်ပေါ်လာစေရေး၊  အခြေခံအဆောက်အအုံ လိုအပ်ချက်များ စီးပွားရေး လိုအပ်ချက်များ တတ်နိုင် သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီး ရပ်စောက်ဒေသရှိ သရက်စိုက်တောင်သူအစုအဖွဲ့များနှင့် တွေ့ဆုံ၍ ပြည်တွင်းပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှု အခြေအနေနှင့် သရက်စိုက်တောင်သူများအတွက် သရက်သီးနှံဖွံ့ဖြိုးတိုးတက်ရေး စိုက်ပျိုးရေး သင်တန်းဖွင့်လှစ် ပို့ချနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm