Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြောက်ဦးဒေသဖွံ့ဖြိုးတိုးတက်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး


06 Jun,2022

နေပြည်တော် ဇွန် ၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဇွန်လ (၄) ရက်နေ့၊ နံနက်ပိုင်းက ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာ ကော်မတီဝင်များ၊ သမဝါယမအသင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် စစ်တွေမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရုံး၌ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်ဦးစီးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံကာ မြောက်ဦးမြို့နယ်ရှိ မောင်ရွှီကန်ကျေးရွာအား ခေတ်မီစံပြ ကျေးရွာ (SMART Village) အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းဆိုင်ရာများအား ညှိနှိုင်းဆွေးနွေးကြပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အခြေခံမူ (၁၅) ချက်နှင့်ကိုက်ညီသော ကျေးရွာများအား ခေတ်မီစံပြကျေးရွာများအဖြစ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ၏ ထောက်ပံ့မှုများဖြင့် ဝန်ကြီးဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေသကဲ့သို့ ကျေးရွာလူထုမှလည်း မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းပါဝင်ကာ အစိုးရနှင့် ပြည်သူ တက်ညီလက်ညီဖြင့် ဆောင်ရွက်ပါက အောင်မြင်နိုင် မည်ဖြစ်ပါကြောင်း ပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များ၏ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ကျောက်တော် မြို့နယ်အတွင်း စုပေါင်းလယ်ယာစနစ်ဆောင်ရွက်မည့် တောင်သူများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး အဆိုပါမြို့နယ် (၃) မြို့နယ်အတွင်း စုပေါင်းလယ်ယာစနစ် ဆောင်ရွက်မည့်လုပ်ငန်း ဆိုင်ရာများအားလည်းကောင်း၊ ဓညဝတီ မျိုးစေ့ထုတ်သမဝါယမအသင်း၊ အတွင်းရေးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများအားလည်ကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်း အသီးသီးရှင်းလင်း တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm