Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ အရင်းအနှီးများ ဆောင်ရွက်ပေးရန် ဝန်ထမ်းများအား တွေ့ဆုံမှာကြား


13 Sep,2023

နေပြည်တော် စက်တင်ဘာ ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေး၊ စားရေရိက္ခာ ပေါများရေးနဲ့ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်စေရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ် ချမှတ်ပြီး အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပြီး မိမိတို့ဝန်ကြီးဌာနက တစ်ဖက်တစ်လမ်းမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်ရဲ့ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာမှသာ နိုင်ငံ့ စီးပွား ဖွံ့ဖြိုးလာမှာဖြစ်လို့ ပြည်တွင်းအသေးစား ကုန်ထုတ်လုပ်ငန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာဖို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကနေ မတည်ရင်းနှီးငွေများ ရရှိရေးကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်းဖြင့် ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ပထမ (၄)လပတ် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

          ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနဟာ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဆိုတဲ့ ဌာနရဲ့ မျှော်မှန်းချက်နှင့်အညီ အသေးစားစက်မှုလက်မှုလုပ်ငန်း များကို ဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်ပေးခြင်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးခြင်း၊ ရိုးရာရက်ကန်းနဲ့ ယွန်းထည်လုပ်ငန်း အတတ်ပညာဒီပလိုမာအဆင့် သင်ကြားပေးခြင်း၊ မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးခြင်း၊ အသေးစားစက်မှုထုတ်ကုန်များ အရည်အသွေးမှန်ကန်မှုနှင့် ဘေးအန္တရာယ် ကင်းရှင်းမှုရှိရန် ဓာတ်ခွဲစစ်ဆေးပေးခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေး Incubation Centre များ ထူထောင်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များကို ပံ့ပိုးကူညီ မွေးထုတ်ပေးခြင်း၊ အသေးစား စက်မှုလက်မှုထုတ်ကုန်များ နည်းပညာနှင့် ဈေးကွက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊    သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) နဲ့ Myanmar Food Laboratory Network (MFLN) တို့ပူးပေါင်းပြီး ပြည်တွင်းရှိ ဓာတ်ခွဲခန်းအချင်းချင်း တိုင်းတာရလဒ် အဖြေများ နှိုင်းယှဉ်ခြင်းအစီအစဉ်  Interlaboratory Comparison (ILC) ကို စီစဉ်ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှာရှိတဲ့ အစိုးရ၊ ပုဂ္ဂလိက ဓာတ်ခွဲခန်းများနဲ့ မြန်မာအစား အသောက်ဓာတ်ခွဲခန်းကွန်ယက်အဖွဲ့ဝင် ဓာတ်ခွဲခန်းစုစုပေါင်း(၁၈)ခု ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာ တိကျ မှန်ကန်မှု ၁၀၀ ရာခိုင်နှုန်းရရှိတဲ့ ဓာတ်ခွဲခန်း (၆)ခုအနက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနမှ ဓာတ်ခွဲခန်း (၅)ခု ပါဝင်တဲ့အတွက် အထူးပင်ကျေနပ်အားရမိပါကြောင်း၊

          ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင် စေရန်နဲ့ ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်လာနိုင်ခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွား ဘဝမြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်ပြီး “အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း”များကို ရုံးချုပ်၊ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် (၁၅)ခုမှာ ကျေးရွာ(၁၅၅)ရွာကို ရွေးချယ်ပြီး စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊

          အမှန်တကယ်လုပ်ငန်းထူထောင်လိုပြီး မတည်ရင်းနှီးငွေ အခက်အခဲရှိသူ၊ ရိုးသားကြိုးစားပြီး သစ္စာရှိသူ၊ ကျေးရွာလူထုအပေါ်မှာ စေတနာထားနိုင်သူကို ရွေးချယ်ပြီး နည်းပညာပေးခြင်း၊ ဈေးကွက်ရှာဖွေပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ M&E လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စတဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းရဲ့ Process တစ်ခုလုံး လုပ်ကိုင်နိုင်သည်အထိ ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ဒါ့အပြင် အရင်းအနှီးရှိပြီး စိုက်ပျိုးရေးနဲ့မွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်လိုသူတွေကိုလည်း နည်းပညာများ ပေါင်းစပ်ပေးပြီး ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက် လာနိုင်အောင် လေ့ကျင့်ပေးသွားရမှာ ဖြစ်ပါကြောင်း၊ လုပ်ငန်းထူထောင်မယ့်သူတွေကို ရွေးချယ်ပြီး လုပ်ငန်းနဲ့ကိုက်ညီတဲ့ စက်ပစ္စည်းတွေ အသုံးပြုခွင့်ရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း နှင့် လိုအပ်သည်များ သင်ကြားပေးကြဖို့လိုအပ်ပါကြောင်း၊ စီမံကိန်းအနေနဲ့ ကျေးရွာတစ်ရွာမှာ လုပ်ငန်းထူထောင်လိုသူ (၅) ဦး ရွေးချယ်ထူထောင်ပေးခြင်းဖြစ်လို့ စီမံကိန်းပြီးမြောက်တဲ့အခါ တစ်နိုင်ငံလုံးအတိုင်းအတာအရ အသေးစားကုန်ထုတ်လုပ်ငန်းရှင် (၇၇၅) ဦးကို အသေးစား လုပ်ငန်းများ ထူထောင်ပေးနိုင်မှာဖြစ်တဲ့အတွက် စီမံကိန်းကို အောင်မြင်အောင် အကောင်အထည် ဖော် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း၊

ဌာနမျှော်မှန်းချက်နဲ့အညီ လုပ်ငန်းတာဝန်တွေ ဆောင်ရွက်ရာမှာလည်း ပြည်သူလူထု၏ လူနေမှုဘဝ တိုးတက်မြင့်မားရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဝင်ငွေရရှိစေမယ့် အသက် မွေးဝမ်းကျောင်းပညာကာလတို သင်တန်းတွေကို အရည်အသွေးပြည့်မီစွာ ဖွင့်လှစ်ပေးဖို့ လိုအပ် ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနဟာ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ရုံး အဆင့်တွေသာ ဖွင့်လှစ်ထားတဲ့အတွက် ဝန်ထမ်းအင်အား နည်းပါးနေပါကြောင်း၊ ဒါပေမဲ့လည်း လုပ်ငန်းတွေ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် တစ်ဦးချင်း အရည်အသွေးပြည့်မီအောင် နဲ့ အရည်အချင်းရှိအောင် လိုအပ်တဲ့ ToT သင်တန်းတွေ သင်ကြားပေးခြင်း၊ သင်ယူခြင်းတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးကြဖို့ လိုအပ်မှာဖြစ်ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း တွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် လုပ်ငန်းမှတ်ပုံတင်ပေးခြင်းနဲ့ ပြည်တွင်းထုတ်ကုန်များဟာ ပြည်တွင်းစားသုံးရန်နဲ့ အသုံးပြုရန်သာဖြစ်တဲ့အတွက် ပြည်သူလူထုအတွက် အစားအသောက် ဘေးကင်းလုံခြုံမှု (Food Safety) ရှိရန်နဲ့ လူသုံးကုန်ပစ္စည်းတွေ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်အောင် ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်းတွေကိုလည်း အလေးအနက်ထား ဆောင်ရွက်သွား ကြဖို့ မှာကြားလိုပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက် ကြဖို့ မှာကြားလိုပါကြောင်း၊ ကျေးလက်နေပြည်သူများရဲ့ လူနေမှုဘဝမြင့်မားရေးအတွက် အကျိုးရှိ မယ့်စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဦးစီးဌာန ဝန်ထမ်းများအနေနဲ့ ဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒ၊ လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ငန်းများ ဆောင်ရွက်သွားကြဖို့နဲ့ မိမိတို့ တာဝန်ကျရာဒေသများမှာ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အင်အားစိုက်ထုတ်ပြီး စိတ်စေတနာရှေ့ထားကာ တာဝန်ကျေပွန်စွာဆောင်ရွက်ကြဖို့ တိုက်တွန်း မှာကြားသည်။

          ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစား စက်မှုလက်မှုလုပ်ငန်းများ၊ သင်တန်းများ၊ စီမံကိန်းများ ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

          ဆက်လက်ပြီး တိုင်းဒေသကြီး/ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဦးစီး မှူးများက မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ အသီးသီး ရှင်းလင်းတင်ပြကြသည်။

          ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးက အသေးစားစက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ သုံးသပ်ဆွေးနွေးတင်ပြသည်။

          ဆက်လက်ပြီး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးတင်ပြပြီးနောက် ဆက်စပ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် များက အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပိုမိုအောင်မြင်ရေးအတွက်  သက်ဆိုင်ရာကဏ္ဍများ အလိုက် ဦးစီးဌာနအချင်းချင်း ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။

          ရှင်းလင်းဆွေးနွေး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အသေးစားစက်မှုလက်မှု လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ယခုဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်သည့် ဝင်ငွေတိုးစီမံကိန်း အောင်မြင်ရေးတို့အတွက် အခြားဆက်စပ်ဦးစီးဌာနများကပါ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအား ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm