Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာစည်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအားကွင်းဆင်းကြီးကြပ်


12 Sep,2023

သာစည်  စက်တင်ဘာ ၁၂

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက  ၂၀၂၃−၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံ ငွေဖြင့် ညောင်ရမ်း(မြို့မ)အုပ်စု၊ညောရမ်း(မြို့မ)ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း စ တင်ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက သာစည်မြို့နယ်မှ မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဝင်း နှင့် အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်အေးမို့မို့ပိုင် တို့မှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဝင်း၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်အေးမို့မို့ပိုင် တို့က ညောင်ရမ်း (မြို့မ)အုပ်စု၊ညောရမ်း(မြို့မ)ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးအခြေအနေများကို ကြည့်ရှုစစ် ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်တွေ့ဆုံကာ ကွန်ကရစ် လမ်းခင်းရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်လို ကြောင်း ဆွေးနွေးမှာကြားသည်။

          ညောင်ရမ်း (မြို့မ)အုပ်စု၊ညောရမ်း(မြို့မ)ကျေးရွာ၌ ယခုဘဏ္ဍာနှစ်တွင် VDPစီမံကိန်း ရန်ပုံငွေကျပ်သိန်း၁၅၀၊ ပြည်သူ ထည့်ဝင်ငွေ(၃၀%)တို့ဖြင့် (၇.၉.၂၀၂၃) ရက်နေ့တွင် လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်မှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက် ရေးဦးစီးဌာနက နည်းပညာပံ့ပိုးကာ လမ်းအရှည်ပေ ၁၀၀၀၊ အကျယ် ၁၂ပေ၊ အမြင့် ၆ လက်မရှိ ကျေးရွာကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာသူ/သားများ ကိုယ်တိုင်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm