အောင်လံ၊ ကျေးလက်ဖွံ့ဖြိုးရေး
မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အောင်လံ-ပြည် ကားလမ်းမကြီးမှ မင်းကန်ကျေးရွာအဝင်လမ်းကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို စက်တင်ဘာ ၈ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသင်းမင်းလတ်၊ ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဇာလှိုင်သန်း၊ အောင်လံမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးဗိုလ်မင်းနှင့် တာဝန်ရှိသူများက အောင်လံမြို့နယ် အောင်လံ-ပြည် ကားလမ်းမကြီးမှ မင်းကန်ကျေးရွာအဝင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီးသတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး မှာကြားသည်။
အဆိုပါ အောင်လံ-ပြည်ကားလမ်းမကြီးမှမင်းကန်ကျေးရွာအဝင်လမ်းအရှည်၁ မိုင်၊ အကျယ် ၁၂ ပေ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စု ခွင့်ပြုငွေ ငွေကျပ် ၁၇၉ ဒသမ ၉၅ သန်းဖြင့် နီလာဧရာကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကျေးရွာအဝင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးပါက မင်းကန်ကျေးရွာအပါအဝင် ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၃၈ဝ လူဦးရေ ၁၆ဝဝ ဦးတို့အတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေမည်ဖြစ်ကြောင်း သိရသည်။
ကိုလှိုင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်