Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေများဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့် ပြီးစီ


30 May,2022

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကတ်ဖ အုပ်စု၊ နောင်ငင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေများဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မေ ၂၅ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ရှေးဦးစွာ ကျိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးရဲခေါင်၊ ဦးစီးအရာရှိ ဒေါ်စည်းစိမ်ထိုက်နှင့် ဝန်ထမ်းများက နောင်ငင်းကျေးရွာတွင် အရှည်ပေ ၃၀၀၊ အကျယ် ၁၀ ပေ၊ အမြင့် ၆ လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြစိမ်းရောင်အသင်းသူ၊ အသင်းသားများ၊ ကော်မတီဝင်များနှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားပြီး ရေရှည် တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။

အဆိုပါကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြစိမ်းရောင် ကျေးရွာ စီမံကိန်း အတိုးရငွေကျပ်ငါးသန်း၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေကျပ် ၃ ဒသမ ၁၉ သန်းဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm