Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ရေး မွမ်းမံသင်တန်းနှင့် ကျေးလက်လမ်းများဆိုင်ရာ GIS Dashboard ဆောင်ရွက်ထားရှိမှုများ တင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ သွားရောက်ကြည့်ရှုအားပေး


23 Aug,2023

နေပြည်တော် ဩဂုတ် ၂၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေနံနက်ပိုင်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်ပို့ချလျက်ရှိသော မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး မွမ်းမံသင်တန်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ကျေးလက်လမ်းများဆိုင်ရာ GIS Dashboard ဆောင်ရွက်ထားရှိမှုများ တင်ပြ ခြင်း အလုပ်ရုံဆွေးနွေးပွဲများသို့ တက်ရောက်နေသော တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီးမှ ဝန်ထမ်းများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအမှတ် (၃၆-ဘီ)၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျရှိစေရေး၊ စီမံကိန်းတွင် ပြောင်းလဲအသုံးပြုနေသော ဒီဂျစ်တယ်နည်းပညာ များဖြစ်သည့် Mobile Financial Payment စနစ် အသုံးပြုဆောင်ရွက်နိုင်ရေးနှင့် MIS စနစ် လက်တွေ့အသုံးပြုမှုများအား ကျွမ်းကျင်စွာတတ်မြောက်စေရန်ရည်ရွယ်၍ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များမှ ဝန်ထမ်း သင်တန်းသား/ သင်တန်းသူ (၃၁)ဦးဖြင့် ဖွင့်လှစ် သင်ကြားလျက်ရှိသော မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော်ရေး မွမ်းမံ သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသလူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးကို အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့်လည်း ကျေးရွာများအရောက် သွားရောက်၍ ကုန်ထုတ်လမ်း၊ ရေရရှိရေး၊ မီးလင်းရေး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း၊ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်းလုပ်ငန်းများကို စီမံကြီးကြပ် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသိပညာပေးခြင်း၊ အမြင်ဖွင့်ခြင်း၊ နည်းပညာပံ့ပိုးပေးခြင်း တို့ကို ဆက်စပ်ဦးစီးဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မိမိတို့ တာဝန်ယူဆောင်ရွက်ရသည့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသား များအနေဖြင့်လည်း သင်တန်းမှ ပို့ချသင်ကြားပေးခဲ့သော ဘာသာရပ်များအပေါ် ခြုံငုံ သုံးသပ်၍ မိမိတို့ လက်တွေ့လုပ်ငန်း နယ်ပယ်မှာအသုံးချဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းတွေ ဖွင့်လှစ်ရာ တွင်လည်း အမှန်တကယ် အကျိုးရှိ ထိရောက်အောင် စီမံဆောင်ရွက်သွားကြဖို့ လိုအပ်ပြီး  သင်တန်းဆင်း ကျေးရွာသူ ကျေးရွာသားများအား လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ် လုပ်ကိုင်ဆောင်ရွက် နိုင်ရန် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး စီမံဆောင်ရွက် သွားကြဖို့လိုအပ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် ရာမှာလည်း သတ်မှတ် လုပ်ထုံးလုပ်နည်း၊ လက်စွဲစာစောင်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကြီးကြပ်ကာ လုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ လိုအပ်ပါကြောင်း လမ်းညွှန်မှာကြား ပြီးနောက် ဝန်ထမ်းများအတွက် သက်သာသော ဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန် များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥနှင့် အခြေခံလူသုံးကုန်ပစ္စည်းများကို ပြင်ပထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် “ဝန်ထမ်းသက်သာ ကုန်မျိုးစုံ အရောင်းဆိုင်” ဖွင့်လှစ်ရောင်းချနေမှုအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ သက်သာ ချောင်ချိရေး လုပ်ထုံလုပ်နည်းနှင့်အညီဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားကာ ဝန်ထမ်းများ ဝယ်ယူအားပေးနေမှုများကို ကြည့်ရှုအားပေးပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ရုံးအမှတ်(၁၁)၌ ကျေးလက်လမ်းများဆိုင်ရာ GIS Dashboard ဆောင်ရွက် ထားရှိမှုများတင်ပြခြင်း အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံရာ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲလင်းထွန်းက GIS နည်းပညာဖြင့် လမ်းကွန်ရက် ချိတ်ဆက်မှုပြမြေပုံများ ရေးဆွဲဆောင်ရွက်နေမှု အခြေအနေများ၊ ကနဦး အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် Goe Database (ဂျီအိုဒေတာဘေ့စ်)များ ပြုစုပြီး ကျေးလက်လမ်းများ ဆိုင်ရာ GIS Dashboard စမ်းသပ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြမှု အပေါ် ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။ ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက GIS နည်းပညာ ဆောင်ရွက်ခြင်းဖြင့် အချိန်တိုအတွင်း စီမံခန့်ခွဲပေးရမည့်ကိစ္စများအပေါ် လျင်လျင်မြန်မြန် ဆုံးဖြတ်ချက ်ပေးနိုင်ခြင်း၊ လမ်းရေရှည် ကောင်းမွန်ရေး သုတေသန လုပ်ငန်းများအတွက် အရေးပါခြင်း နှင့် လမ်းကွန်ရက် ချိတ်ဆက်မှုများ ဆောင်ရွက်ရာ၌ များစွာပံ့ပိုးပေးနိုင်ခြင်း တို့ကြောင့် GIS နည်းပညာကို စဉ်ဆက်မပြတ်ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မိမိအနေဖြင့် GIS လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် အထောက် အကူ ပစ္စည်းများ၊ Software များ၊ လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်တင်း နိုင်ရေး စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ယခုတင်ဆက်ပြသမည့် GIS Dashboard ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီးလေးခုအပြင် ကျန်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်များအတွက်လည်း ဆက်လက်ဆောင်ရွက် ပေးသွားရန် မှာကြား လိုပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများအကြား အချိတ်အဆက်မိမိ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ရုံးအဆင့်ဆင့်မှ ဝန်ထမ်းများအနေဖြင့် မိမိတို့ သက်ဆိုင်ရာ ဒေသများသို့ ကွင်းဆင်းသွားရောက်ရာ တွင်လည်း မိမိတို့ ပင်မလုပ်ငန်း တာဝန်များအပြင် ကျေးရွာအလိုက် ဒေသလိုအပ်ချက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးမေးမြန်းပြီး သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားပြီးနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနရုံး၌ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဝန်ထမ်းသက်သာဆိုင်ဖွင့်လှစ် နိုင်ရေး မြေနေရာစီစဉ်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ ဦးစီးဌာနများ စားရိပ်သာ၌ ဝန်ထမ်းများအတွက် နေ့လယ်စာချက်ပြုတ်ထားရှိမှု အခြေအနေများအား လည်းကောင်း ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းသက်သာဆိုင် အမြန်ဆုံး ဖွင့်လှစ်ရောင်းချနိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းများ မဖြစ်မနေ လိုအပ်သော အခြေခံ စားသောက်ကုန် များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥများနှင့် အခြေခံလူသုံးကုန်များကို ဦးစားပေး ရောင်းချသွားရန်နှင့် အများဆုံးရောင်းချရသည့် စားသောက်ကုန်များအား မှတ်တမ်းထားရှိနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ သည် ပုဗ္ဗသီရိ မြို့နယ်၊ သပြေစမ်းကျေးရွာသို့ ရောက်ရှိရာကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ရေစစ်ကန်၊ ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်၊ ရေစက်ရုံ၊ ခြံစည်းရိုးကာရံခြင်းနှင့် ရေပိုက်လိုင်း ၃၂၂၀ ပေသွယ်တန်းခြင်းလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီးနောက် ကျေးရွာတောင်သူ ဦးအောင်ခိုင်၏ လယ်မြေများတွင် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ GW11 မိုးစပါး စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm