Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမအသင်းသား တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


18 Aug,2023

နေပြည်တော် ဩဂုတ် ၁၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေအတွင်း သမဝါယမစနစ်ဖြင့် မိုးစပါးဧက (၁၀,၀၀၀) စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ မဒန်း ဆည်ရေသောက်ဧရိယာ အတွင်း မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် သမဝါယမအသင်းများမှ အသင်း အမှုဆောင်များ၊ အသင်းသားများနှင့် တွေ့ဆုံရာတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက မဒန်းဆည်ရေသောက်ဧရိယာအတွက် ရေဖြန့်ဝေပေးနေမှုအားလည်း ကောင်း၊ သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူးက သမဝါယမအသင်းများမှ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအားလည်းကောင်း ရှင်းလင်းတင်ပြပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရေးအတွက် နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထောက်ပံ့လျက်ရှိပြီး မိုးစပါးစိုက်ပျိုးရေးလုပ် ငန်းအတွက် တစ်ဧကလျှင် ကျပ် ၂ သိန်းနှင့်ညီမျှသော မျိုး၊ သွင်းအားစု၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနနှင့် မိမိတို့ဝန်ကြီးဌာန ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်နှင့် ဌာနဆိုင်ရာ များမှ လိုအပ်သည့် အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်း၊ စနစ်ကျလယ်ယာမြေများ ဖော်ထုတ် ခြင်းနှင့် နည်းပညာအကူအညီများ ဆောင်ရွက်ပေးပြီးဖြစ်၍ တောင်သူများအနေဖြင့် မိမိတို့ စိုက်ပျိုးမြေ များပေါ်တွင် အမှန်တကယ် စိုက်ပျိုးကြရန်၊ ကိုယ်အားကိုယ်ကိုး ဆောင်ရွက်ကြရန်၊ ကိုယ်လုပ်မှ ကိုယ်ရမည်ဖြစ်၍ ကျေးရွာခေါင်းဆောင်များမှလည်း စည်းရုံးဆောင်ရွက်ကြရန် တိုက်တွန်း ပြေားကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုး ရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင် ကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာ၊ အုန်းတောကျောင်းတိုက်တွင်  အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်း (၇) ခုအနက် အမျိုးသမီးများ ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်းအတွက် အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်ပို့ချနေမှုအား သွားရောက်ကြည့်ရှုအားပေး သည်။ တာဝန်ရှိသူများ၏ သင်တန်းပို့ချနေမှုနှင့် ဆက်လက်ဖွင့်လှစ်သွားမည့်အခြေအနေများ ရှင်းလင်း တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက သင်တန်းအောင်မြင်ပြီးသူများအနက် အမှန်တကယ်လုပ်ငန်း ထူထောင်ဆောင်ရွက်မည့်သူ (၅) ဦး ရွေးချယ်ကာ ၁ ဦးလျှင် ငွေကျပ် ၁၀ သိန်းနှင့်ညီမျှသော ခြေနင်း အပ်ချုပ်စက်၊ ဓားစက်၊ ဘီတင်စက် နှင့် ထုတ်သီးရိုက်စက် ၁ လုံးစီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ထူးချွန်သင်တန်းသူ (၅) ဦးကိုလည်း ၁ ဦးလျှင် မီးပူ ၁ လုံးစီနှင့် စားပွဲခုံ ၁ လုံးစီ ထောက်ပံ့ပေးသွားမည် ဖြစ်သဖြင့် သင်တန်းသူများအနေဖြင့် မိမိတို့ဘဝ တိုးတက်ရေးအတွက် ကြိုးစားလေ့လာသင်ယူကြရန် တိုက်တွန်းပြောကြားသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသော ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတက်ပဲ့ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ သို့ ရောက်ရှိကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းစီမံကိန်း (RBF) ဖြင့် ဝက်မွေးမြူရေးအစုအဖွဲ့ ၄ ဖွဲ့မှ DYL ဝက် (၅၇) ကောင်နှင့် ဆိတ် (၅၅) ကောင် မွေးမြူထားမှုအား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခု ကျေးရွာသည် ဆည်ရေသောက်ဧရိယာဖြစ်သောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများအား ၂ သီးမှ ၃ သီး တိုးချဲ့စိုက်ပျိုးကြရန်၊ အထွက်နှုန်းကောင်းပြီး ဈေးကွက်ဝင်သီးနှံများ စိုက်ပျိုးကြရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့် မိသားစုဝင်ငွေတိုးပွားရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဝက်မွေးမြူသူများ အနေဖြင့် ဝက်ရောဂါများ မကျရောက်စေရေး ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းအား မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်က ကူညီ ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ပြီး ကျေးရွာသူကျေးရွာသားများ၏ စိုက်ပျိုးရေးနှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm