Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါးစီမံကိန်းအတွက် သွင်းအားစုများပံ့ပိုးပေးလျက်ရှိ


14 Aug,2023

              နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါး စိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းတွင် တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုလျှင် မိုးစပါးဧက (၁၀၀၀၀) စီ စိုက်ပျိုးဆောင်ရွက် သွားမည်ဖြစ်ပြီး ၉-၈-၂၀၂၃ ရက်အထိ မြို့နယ်ပေါင်း (၁၈၂) မြို့နယ်တွင် သမဝါယမအသင်း (၁၀၉၀) သင်းဖွဲ့စည်းထားပြီး အသင်းသားတောင်သူ (၂၉၁၈၁) ဦး၏ စိုက်ဧက (၁၃၆၈၇၇.၄၆) ဧကတွင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

              အဆိုပါ စိုက်ဧကများအတွက် လိုအပ်သည့်ငွေအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ဧက (၈၁၈၇၉.၅) ဧကအတွက် ပံ့ပိုးငွေကျပ် (၁၆၃၇၅.၉) သန်းကို ရယူ၍လည်ကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ဧက (၂၂၄၃၄.၇၇) ဧကအတွက် ပံ့ပိုးငွေကျပ် (၄၄၂၃.၃) သန်းကို ရယူ၍လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဘတ်ဂျက်မှ စိုက်ဧက (၂၁၄၉) ဧကအတွက် ပံ့ပိုးငွေကျပ် (၄၂၉.၈) သန်းကို ရယူ၍လည်းကောင်း၊ အသင်းပိုင်ငွေဖြင့် စိုက်ဧက (၃၀၄၁၄.၅၈) ဧကအတွက် ပံ့ပိုးငွေကျပ် (၅၂၁၇.၆၇၉) သန်းကိုလည်းကောင်း စုစုပေါင်းငွေကျပ်(၂၆၄၄၇) သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ် ပါသည်။

              စုစုပေါင်းမိုးစပါးစိုက်ဧက (၁၃၆၈၇၇.၄၆) ဧကအနက် (၁၂၃၉၃၇.၈၇) ဧကကို စိုက်ပျိုး ထားပြီး ကျန်စိုက်ဧက (၁၂၉၃၉.၅၉) ကိုလည်း ဆက်လက်စိုက်ပျိုးသွားမည် ဖြစ်ပါသည်။

              သွင်းအားစုများပံ့ပိုးပေးမှုအနေဖြင့် ငွေကျပ် (၁၈၉၆၇.၇၃၇) သန်းတန်ဖိုးရှိ GW-11 မျိုးစပါး (၁၅၉၀.၂၅၅) အိတ်၊ အခြားမျိုးစပါး (၁၈၉၈၉.၅) အိတ်၊ သဘာဝ[i][ii]မြေဩဇာ (၄၉၈၀၅) အိတ်၊ ပုလဲ (၁၀၀၇၅၇.၅၃) အိတ်၊ ကွန်ပေါင်း (၆၈၀၀၅.၂) အိတ်ကို ပံ့ပိုးပေးထားပြီးဖြစ်ပါသည်။

 


 

 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm