Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမလေးလပတ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးသို့ တက်ရောက်


30 Jun,2023

နေပြည်တော် ဇွန် ၃၀

          ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမလေးလပတ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုသမဝါယမ အသင်းဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုးရေးစီမံကိန်းကို ဆောင်ရွက်ခဲ့ရာ သမဝါယမကဏ္ဍက ထိုက်သင့်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းစီမံကိန်းအား နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ၊ ဝယ်ယူကြိတ်ခွဲတင်ပို့သူများ အစုအဖွဲ့၊ သမဝါယမအသင်းအစီအစဉ်တို့ဖြင့် သမဝါယမကဏ္ဍမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီး တို့ရှိ မြို့နယ်ပေါင်း (၂၃) မြို့နယ်တို့တွင် သမဝါယမအသင်းပေါင်း (၃၁၈) သင်း ဖွဲ့စည်းကာ စိုက်ဧက (၁၂၈,၃၆၇) ဧကအတွက် (၁) ဧကလျှင် (၁.၂) သိန်းနှင့်ညီမျှသည့် သွင်းအားစုများအား ပံ့ပိုးဆောင်ရွက်ခဲ့ပြီး တစ်ဧကအထွက်နှုန်း တိုးတက်လာတာ တွေ့ရှိရပါကြောင်း၊

          နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးဧက (၈.၅) သိန်း စိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းတွင် သမဝါယမကဏ္ဍအနေဖြင့် နေပြည်တော်၊ ပဲခူး ၊ မကွေး၊ မန္တလေး၊ မွန်၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ မြို့နယ်(၂၅)မြို့နယ်တွင် အသင်းသားတောင်သူ (၃၂၇၇) ဦး၏ စပါး စိုက်ဧက (၂၀၄၀၉.၂၆) ဧကအတွက် သမဝါယမအသင်း (၇၂) သင်း ဖွဲ့စည်းထားပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ/ ကန်ထရိုက်ကုမ္ပဏီများ/ အသင်းစုချုပ်/ အသင်းစုများမှ တစ်ဧကလျှင် ကျပ် (၂) သိန်း တန်ဖိုးနှင့်ညီမျှသည့် စုစုပေါင်းကျပ် (၄၀၃၇.၆၁၄) သန်း တန်ဖိုးရှိသော အသင်းသား တောင်သူများ လိုအပ်သော မျိုး(၁၁၇၃)တင်း၊ သဘာဝမြေသြဇာ ၅၀ Kg (၁၃၂) အိတ်၊ ပုလဲ ဓာတ်မြေသြဇာ(၅၀)Kg (၂၇၇၆၉.၇၅)အိတ်၊ ကွန်ပေါင်းဓာတ်မြေသြဇာ (၅၀/၄)Kg (၁၁၅၅၅.၄၀) အိတ်၊ ပိုးသတ်ဆေး (၃၇၈)အိတ်အား ပံ့ပိုးဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုနှစ်တွင် နေပြည်တော်၊ ပဲခူး၊ မွန်၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများအနေဖြင့် ယခင်နှစ်ထက် တစ်ဧကအထွက်နှုန်း ပိုမိုထွက်ရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း။

          နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်‌‌ရေးစီမံကိန်းတွင် သမဝါယမ ကဏ္ဍမှ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမအသင်းစုချုပ်/ မြို့နယ်သမဝါယမအသင်းစုများမှ လည်းကောင်း၊ သက်ဆိုင်ရာဒေသခံဆန်စက်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့်ချိတ်ဆက်၍လည်း ကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှတဆင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ ရန်ပုံငွေရယူ၍လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ များ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှရယူ၍လည်းကောင်း စပါး(၁)ဧကလျှင် ကျပ်(၂)သိန်းနှင့် ညီမျှသည့် သွင်းအားစုများရရှိအောင် ဆောင်ရွက်ပေးပြီး လက်ရှိစပါးစိုက်ပျိုး လုပ်ကိုင်နေသော တောင်သူများအား စုစည်း၍ သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်သွားကြရမှာဖြစ်ပါ ကြောင်း။ အသင်းသားတောင်သူများ အဆိုပြု ကြိုက်နှစ်သက်သော သွင်းအားစုများကို သွင်းအားစုကုမ္ပဏီများထံမှ ချိတ်ဆက်ဝယ်ယူပြီး မိုးစပါးစိုက်ပျိုးမည့် ကျေးရွာသမဝါယမ အသင်းများရှိ အမှုဆောင်များသို့ ဖြန့်ဝေပေးရန်၊ ကျေးရွာသမဝါယမအသင်းအမှုဆောင်များက အသင်းသားတောင်သူများသို့ ဆက်လက်ဖြန့်ဝေပေးရန် ဖြစ်ပါကြောင်း။      

          သီးနှံထွက်ရှိချိန်တွင် ကျေးရွာသမဝါယမအသင်းအမှုဆောင်အဖွဲ့မှ သွင်းအားစုတန်ဖိုးနှင့် ညီမျှသည့် စပါးများအား စုစည်းကောက်ယူ၍ သမဝါယမအသင်းစုချုပ်/ မြို့နယ်သမဝါယမ အသင်းစုများ/ ဒေသခံကုမ္ပဏီများ/ ဆန်စက်လုပ်ငန်းရှင်များသို့ ကျေးရွာအသင်း အမှုဆောင်နှင့် သမဝါယမအသင်းစုချုပ်/ မြို့နယ်သမဝါယမအသင်းစုတို့က တောင်သူများထံမှ ကာလပေါက်ဈေး နှင့်အညီ စပါးများအား စုစည်းကောက်ယူပြီး ဆောင်ရွက်သွားကြဖို့မှာကြားလိုပါကြောင်း။ တောင်သူများမှ ချေးငွေပြန်လည်ပေးဆပ်ရာတွင် ချေးငွေပမာဏနှင့်ညီမျှသော သီးနှံထွက်ကုန် များအား သက်ဆိုင်ရာ အသင်း/ကုမ္ပဏီများထံသို့ ကာလပေါက်ဈေးအတိုင်း မဖြစ်မနေ ရောင်းချပေးရမည်ဖြစ်ပြီး သမဝါယမစနစ်ဖြင့် ဆောင်ရွက်မည့် အသင်းသားတောင်သူများမှ ရောင်းချသည့် စပါးအပေါ်(၁)တင်းလျှင် (၂၀၀)ကျပ်နှုန်းဖြင့် ပူးပေါင်းဆောင်ရွက်မည့် ဝယ်ယူ ကြိတ်ခွဲတင်ပို့သူများ ပါဝင်သည့် အစုအဖွဲ့/ ကုမ္ပဏီ/ ဆန်စက် လုပ်ငန်းရှင်များထံမှ Refund ရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးသွားရမှာ ဖြစ်ပါကြောင်း။

          နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လက်ရှိကာလအထိ တိုင်းဒေသကြီး/ ပြည်နယ် (၁၄)ခု၊ မြို့နယ်ပေါင်း (၁၇၅)မြို့နယ်တွင် မိုးစပါးစိုက်ဧက (၁၂၄၈၂၄.၉၈)ဧကရှိ အသင်းသားတောင်သူ (၂၇၈၈၁)ဦးဖြင့် သမဝါယမအသင်း(၉၂၁)သင်းအား ဖွဲ့စည်းထားပြီးဖြစ်၍ မျိုးကောင်းမျိုးသန့်နှင့် ပတ်သက်၍ အထွက်နှုန်းတိုးပြီး ဈေးကွက်ခိုင်မာမှုရှိသည့် အထွက်တိုးစပါးမျိုးများ စိုက်ပျိုးကြရန် လိုအပ်ကြောင်း၊ အထွက်တိုးစပါး ပြောင်းလဲစိုက်ပျိုးခြင်းအပါအဝင် သွင်းအားစုများပံ့ပိုးမှုများ ဆောင်ရွက်ပြီး အထွက်နှုန်းတိုးတက်စေရေး ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း။

          နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့် မြစိမ်းရောင်(သမဝါယမ)စီမံကိန်းမှ (၃၁-၅-၂၀၂၃)ရက်နေ့ထိ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် မြစိမ်းရောင်(သမဝါယမ)စီမံကိန်း ကြီးကြပ်မှုကော်မတီအဆင့်ဆင့်၏ သဘောတူ ခွင့်ပြုချက်ဖြင့် တိုင်းဒေသကြီး/ပြည်နယ်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၁၀)ခု၊ မြို့နယ်(၅၁) မြို့နယ်၊ အသင်း(၂၀၁)သင်း၊ အသင်းသား(၁၁၁၉၁)ဦးသို့ စိုက်ပျိုးရေးလုပ်ငန်း၊ သွင်းအားစု ထုတ်ပေးခြင်းလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ကန်ထရိုက် လယ်ယာလုပ်ငန်း၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု(OVOP) လုပ်ငန်း၊ အရောင်းဆိုင်လုပ်ငန်း၊ ဓါတ်မြေဩဇာစက်ရုံ တည်ဆောက် ခြင်းလုပ်ငန်း၊ ဆန်စက်အဆင့်မြှင့်နှင့် စပါးကြိတ်ခွဲခြင်းလုပ်ငန်း၊ ဆီစက် အဆင့်မြှင့်နှင့် ဆီကြိတ် ခွဲခြင်းလုပ်ငန်းတို့ ဆောင်ရွက်ရန် ငွေကျပ်သန်း(၉၉၇၅.၃၀)ကို တိုင်းဒေသကြီး/ပြည်နယ်/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအလိုက် ထောက်ပံ့ပေးပြီးဖြစ်သည့်အတွက်  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မြစိမ်းရောင်(သမဝါယမ)စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုတွင်လည်း ဘဏ္ဍာရေးစည်းမျဉ်းများ ချမှတ်ထားသည့် မူဝါဒများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ အသင်းနှင့် အသင်းသားများအတွက် အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်သွားကြရန် မှာကြား လိုပါကြောင်း။

          သမဝါယမအသင်းများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိကအလေး ထားဆောင်ရွက်ကြရမှာဖြစ်ပြီး မွေးမြူရေးကဏ္ဍတွင် နွားမွေးမြူရေး အပါအဝင် စီးပွားရေး တွက်ခြေကိုက်ညီသော တိရစ္ဆာန်များကို စနစ်တကျ မွေးမြူကြရန် မှာကြားလိုပါကြောင်း။     

          စံပြကျေးရွာများတွင် ထောက်ပံ့ပေးထားသည့် စက်ကိရိယာများမှာ ပြည်ထောင်စု ဘတ်ဂျတ်မှ Daedong စက်ကိရိယာ တန်ဖိုး၏ (၅၀)ရာခိုင်နှုန်း ထောက်ပံ့ငွေဖြင့် စက်ကိရိယာ (၇၅)စီး၊ တိုင်းဒေသကြီး/ပြည်နယ်ဘတ်ဂျက်မှ Daedong စက်ကိရိယာတန်ဖိုး၏ (၅၀) ရာခိုင်နှုန်း၊ (၁၀၀)ရာခိုင်နှုန်းထောက်ပံ့ငွေဖြင့် စက်ကိရိယာ(၄၄)စီးတို့ဖြင့် လယ်ယာဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျကြီးကြပ် ဆောင်ရွက်သွားကြရန် မှာကြားလိုပါ ကြောင်း။

          ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် လည်းကောင်း၊ အသင်းပိုင်အစီအစဉ်များဖြင့်လည်းကောင်း၊ လည်ပတ်လျက်ရှိသည့် ဆီစက်များ အား စက်စွမ်းအားပြည့် လည်ပတ်နိုင်ရန် ကြီးကြပ်ဆောင်ရွက်ရေး၊ ကုန်ကြမ်းဝယ်ယူမှုအပိုင်း၊ ထွက်ရှိလာသည့် ဆီများဈေးကွက်ရရှိရေး၊ သမဝါယမအသင်းအချင်းချင်း ကျယ်ပြန့်စွာ ချိတ်ဆက် ဆောင်ရွက်သွားကြရန်၊ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု (OVOP) လုပ်ငန်း၊ သမဝါယမအရောင်း ဆိုင်များဖွင့်လှစ်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း။      

          သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမဦးစီးဌာနနှင့် သမဝါယမ အသင်းအဆင့်ဆင့်တို့က တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း လုပ်ကိုင်ဆောင်ရွက်သွားကြရန်၊ မိုးစပါးစီမံကိန်းနှင့်မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ အောင်မြင်အောင် လုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

          ဆက်လက်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် ဗဟိုသမဝါယမအသင်းဥက္ကဋ္ဌတို့က လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ ထို့နောက် တက်ရောက်လာကြသော တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌများက လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm