နေပြည်တော် ဇွန် ၉
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ နှစ်ပတ်လည် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနဟာ ကျေးလက်နေပြည်သူတို့၏ လိုအပ်ချက်ကို ရှေးရှုပြီး ကျေးလက်လမ်း ကွန်ယက်များ ပိုမိုချိတ်ဆက်နိုင်ရေး၊ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများမှာ ကျေးလက်သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့မှု အပေါ် များစွာအခြေခံပြီး ကျေးလက်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုဟာ အဓိကအရေးကြီး သည့် အခန်းကဏ္ဍဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများရဲ့ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ် လုပ်ငန်းများ တစ်နှစ်ပတ်လုံး သယ်ပို့ရောင်းချနိုင်ရန် ရာသီမရွေး ဆက်သွယ်သွားလာနိုင်သော လမ်းများ လိုအပ်လျက်ရှိတာကြောင့် နိုင်ငံအတွင်း ကျေးလက်လမ်း၊ တံတားများ အဆင့်မြှင့်တင် ဆောင်ရွက် ပေးခြင်းအားဖြင့် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသာမက ပြည်သူတစ်ဦးချင်းစီရဲ့ ဝင်ငွေတိုးတက်မှု မြင့်မားလာပြီး နိုင်ငံရဲ့ GDP တိုးတက်ရေးအထိပါ အထောက်အကူ ပြုနိုင်ပြီး ကျေးလက်လမ်း/ တံတားများ အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက်ခြင်းတို့ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် အားသွန်းခွန်စိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊
မြို့ပြနဲ့ ကျေးလက်ဒေသအကြား ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းလာစေရန်၊ ဟန်ချက် ညီညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် အထူးအလေးထားစီမံဆောင်ရွက် လျက်ရှိကြောင်း၊ ကျေးလက်ဒေသအခြေခံ အဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သလို အသက်မွေးဝမ်းကျောင်းဆိုင်ရာ စီးပွား ဖွံ့ဖြိုးတိုးတက်ရန်နဲ့ နည်းပညာနှင့် စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သမဝါယမနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းများ စနစ်တကျ ထွန်းကားစေရေး၊ ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်နေကြောင်း၊ ကျေးလက်နေပြည်သူများ၏ ဒေသ ထွက်ကုန်များ အရည်အသွေးပြည့်မှီစွာ ဈေးကွက်တင်ပို့နိုင်ရေးအတွက် ကျေးရွာနှင့် မြို့ပြ ချိတ်ဆက်သော လမ်းများ၊ ကျေးရွာတွင်ရှိသည့် ဈေးကွက်နှင့်ချိတ်ဆက်သော လမ်းများစသည့် ကျေးလက်လမ်းကွန်ယက်များ ချိတ်ဆက်ရန် လိုအပ်လျက်ရှိပြီး ဝန်ထမ်းများအားလုံး နားလည် သဘောပေါက်ကာ တာဝန်ကျေပွန်စွာ စွမ်းစွမ်းတမံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ ကျေးလက်လမ်း/တံတား လိုအပ်ချက်များ တင်ပြလာမှုကို အမြန်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၏ မဟာဗျူဟာရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ခုနှစ်တွင် ရာသီမရွေးဆက်သွယ် သွားလာနိုင်သော လမ်းများ ဖြစ်ပေါ်အသုံးပြုနိုင်ရေးအတွက် အလေးထား စီမံဆောင်ရွက်သွားရန်နဲ့ ကျေးလက်လမ်း/ တံတားများ စီမံဆောင်ရွက်ခြင်းအားဖြင့် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ဈေးကွက်နှင့် အခြားဝန်ဆောင်မှုများအပြင် နိုင်ငံအဝန်း ဖွံ့ဖြိုးရေးဆိုင်ရာ ကန့်သတ်ချက်များကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်သွား ရန် မှာကြားလိုကြောင်း၊ ကျေးလက်လမ်း/ တံတားများ ဖြည့်ဆည်းပေးနိုင်ရေး ကူညီပံ့ပိုးပေးမည့် စိတ်ဓာတ်ကို မွေးမြူကာ မိမိတို့တတ်စွမ်းသမျှ နည်းလမ်းရှာ ကူညီဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ လုပ်ငန်းများတွင် အခက်အခဲရှိသော်လည်း ပြဿနာတိုင်းတွင် အဖြေရှိစမြဲဖြစ်သဖြင့် ဖြေရှင်းနိုင်မည့်နည်းလမ်းကို ကြိုတင်စီမံဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လုပ်ငန်းမစတင်မီ ကတည်းက မြေပြင်အခြေအနေ ကွင်းဆင်းစစ်ဆေးပြီး Feasibility Study (FS) လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ကြရန်၊ တည်ဆောက်လုပ်ငန်းများ သတ်မှတ်စံချိန်းစံညွန်း အရည်အသွေး ပြည့်မီစေရေးအတွက် Quality Control လုပ်ငန်းများကို စနစ်တကျ စစ်ဆေးဆောင်ရွက်ကြရန်၊ ကျေးလက်လမ်း/ တံတားလုပ်ငန်းများနှင့် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် နိုင်ငံတော်မှချမှတ်ထားသည့် တင်ဒါစည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားကြရန်၊ မိမိတို့ဆောင်ရွက်သည့် လုပ်ငန်းစဉ် တစ်လျှောက်လုံး အဂတိတရားကင်းရှင်းစွာဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှုတို့ဖြင့် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း (၆၃၈၈၉) ရွာရှိရာမှာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်လမ်းမိုင်အရှည် (၃၅၈၉၀) မိုင် တာဝန်ယူ တည်ဆောက် ထိန်းသိမ်းလျက်ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ကျေးလက်လမ်း (၁၂၅၉)မိုင်၊ ကျေးလက်တံတား (၁၁၉၄) စင်း ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင် စုရန်ပုံငွေဖြင့် လမ်းမိုင်ပေါင်း (၁၈၆) မိုင်၊ တံတားအစင်းရေ (၁၄၀) စင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်ရန်ပုံငွေဖြင့် လမ်းမိုင်ပေါင်း (၉၀၀) မိုင်၊ တံတားအစင်းရေပေါင်း (၈၈၃) စင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်းများအား မြန်မြန်ဆန်ဆန် တင်ဒါခေါ်ယူပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီစွာဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများ တစ်ရက်စောပြီးလျှင်တစ်ရက် ကျေးရွာ နေပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သောလမ်းကို တစ်ရက်စော၍ အသုံးပြုသွားလာနိုင်သဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများအား စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ၁၄-၅-၂၀၂၃ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် မိုးခါ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် အခြေခံအဆောက်အအုံ ထိခိုက်ဆုံးရှုံးမှု များပြားခဲ့ပြီး အဆောက်အဦများ၊ ကျေးလက်လမ်း/တံတားများ ပျက်စီးဆုံးရှုံးခြင်းများ ရှိခဲ့သဖြင့် ပြန်လည် ပြုပြင်ဆောင်ရွက်မည် အစီအမံများရေးဆွဲကာ လုပ်ငန်းများ အမြန်ဆုံး စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် အရည်အသွေးပြည့်မှီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်သွားကြရန် အထူးအလေးထား မှာကြားလိုကြောင်း၊
ပြည်နယ်/တိုင်းညွှန်ကြားရေးမှူးများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တီထွင်ကြံဆ ကြိုးပမ်းလုပ်ဆောင်ကြရန်နှင့် တွေ့ကြုံရသည့် အခက်အခဲများအား အချိန်နှင့်တစ်ပြေးညီ တင်ပြပြီး ပူးပေါင်းညှိနှိုင်း ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုံခြုံရေးသတိ ကျန်းမာရေးအသိ ရှိကြရမည် ဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်ရေး၊ ဥပဒေအမိန့်ညွှန်ကြားချက်များ လိုက်နာရေး၊ ဌာနတွင်း စည်လုံညီညွတ်ရေးနှင့် ဦးစီးဌာနပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို လိုက်ပါဆောင်ရွက်ကြဖို့ မှာကြားလိုကြောင်း၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်သည့်အခါ တစ်ဦးကောင်းတစ်ယောက်ကောင်း ဆောင်ရွက်ခြင်းမျိုး ရှောင်ကြဉ်ပြီး အစုအဖွဲ့လိုက် ညှိနှိုင်းလုပ်ဆောင်တတ်တဲ့ အလေ့အကျင့် ပျိုးထောင်ရယူကြရန်၊ ဌာနတွင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်ပြီး ဌာန(၄)ခု ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန်၊ ကျေးလက်ဒေသ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် သက်ဆိုင်ရာဦးစီးဌာနများ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင် ရွက်မည့် လုပ်ငန်းများအားလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက မိမိတို့ သက်ဆိုင်ရာကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအား လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် လိုက်နာရမည့် တင်ဒါစည်းကမ်းများ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ သတ်မှတ်စံချိန်စံ ညွှန်းများနှင့် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
တင်ပြမှုအများအပေါ် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၏ မူဝါဒဖြစ်သည့် ကျေးလက်လမ်း/ တံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ဝန်ထမ်းအားလုံးက အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။