စစ်တွေ မေ ၂၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွင်း လေဘေးသင့်ခဲ့ သည့် ဒေသများအနက် စစ်တွေ၊ ရေသေ့တောင်၊ မင်းပြား မြို့များတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ရွေ့လျားရေသန့်စင်ကား (၅) စီးဖြင့်လည်းကောင်း၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောမြို့နယ်များအတွက် life Straw ရေသန့်စက် အလုံး (၅၀) ဖြန့်ဝေ၍လည်းကောင်း စီစဉ်ဆောင်ရွက်လျက် ရှိသည်။ ထပ်မံ၍လည်း Life Straw ရေသန့်စက် အလုံး (၆၀) ဖြန့်ဝေပေးပို့သွားမည် ဖြစ်သည်။
ယင်းသို့ ဆောင်ရွက်နေသည့်အပြင် ယနေ့ နေ့လည်ပိုင်း၌ ရွေ့လျားရေသန့်စက်ကို အသုံး ပြု၍ စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက်၊ ထန်းပင်ရင်း မြေသားရေကန်မှ ရေကို စုပ်ယူကာ ရပ်ကွက်နေ ပြည်သူများအား သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဝေပေးနေမှုကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် သွားရောက် အားပေးကြည့်ရှုခဲ့သည်။ ၎င်းရေသန့်စက်များကို အသုံးပြု၍ ကျေးရွာများရှိ မြေသားရေစုကန်များမှ သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
Dial these numbers and email in case of any emergency