Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) နေ့သင်တန်းများဖွင့်လှစ်ကြောင်း ကြေညာခြင်း


18 May,2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

ကြေညာချက်

နေ့သင်တန်းများဖွင့်လှစ်ကြောင်းကြေညာခြင်း

၁။        သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အောက်ပါသင်တန်းများအား ၂၀၂၃ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှစတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်-

            (က)ပထမနှစ်သင်တန်း(ဒုတိယနှစ်ဝက်)

            (ခ) ဒုတိယနှစ်သင်တန်း(ပထမနှှစ်ဝက်)

            (ဂ) တတိယနှစ်သင်တန်း(ပထမနှစ်ဝက်)

            (ဃ)စတုတ္ထနှစ်သင်တန်း(ပထမနှစ်ဝက်)

            (င) ဘွဲ့လွန်ဒီပလိုမာသင်တန်း(ပထမနှစ်ဝက်)

            (စ) မဟာတန်း(ပထမနှစ်)သင်တန်း(ပထမနှစ်ဝက်)

            (ဆ)မဟာတန်း(ဒုတိယနှစ်)သင်တန်း(ပထမနှစ်ဝက်)

၂။         အထက်အပိုဒ်(က)ပါ ပထမနှစ်သင်တန်း(ဒုတိယနှစ်ဝက်) ကျောင်းသား/ကျောင်းသူများအနေဖြင့် ၂၀၂၃ခုနှစ်၊ မေလ(၂၃) ရက်နေ့မှစတင်၍ ဆက်သွယ်သတင်းပို့ရန်၊ ကျန်သင်တန်းနှစ်များအားလုံးအနေဖြင့် ၂၀၂၃ခုနှစ်၊ မေလ(၂၃)ရက်နေ့မှ စတင်၍ ကျောင်းအပ်နှံ လက်ခံသွားမည်ဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဝန်ကြီးဌာန website https://mcrd.gov.mm ဤတက္ကသိုလ်၏ Website https://ucms.edu.mm၊ Facebook Page: University of Co-operative and Management, Sagaing ၊ ဖုန်းနံပါတ်  ၀၇၂-၂၀၂၃၀၁၅၊ ၀၉-၄၀၂၅၄၆၅၉၄သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm