စေတုတ္တရာမြို့နယ် ခြင်ပြစ်ကိုင်းကျေးရွာ၌ အယ်လ်နီညိုရာသီဥတုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြော
********************************************************************************
စေတုတ္တရာ ၊ နိုဝင်ဘာ ၂၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အယ်လ်နီညိုရာသီဥတုအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၁၉ ရက်နေ့က ခြင်ပြစ်ကိုင်းကျေးရွာ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းက အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ကြိုတင်ဆောင်ရွက်ရမည့် အချက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက် ရမည့်အချက်များ၊ အပူဒဏ် ကာကွယ်ရေးဆိုင်ရာ သတိပြု လိုက်နာရမည့်အချက်များကို အသိပညာပေး ဟောပြောသည်။
ထို့နောက် စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက သောက်သုံးရေရှားပါးမှုများ မဖြစ်ပေါ်စေရေး ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်